ရော်ဘာစိုက်ပျိုးမှုမြှင့်တင်ရေးအတွက် နိုင်ငံရပ်ခြားစိုက်ပျိုးမြေလိုအပ် အိန္ဒိယရဲ့ထိပ်တန်းထုတ်လုပ်သူနဲ့ အကြီးဆုံးရော်ဘာစိုက်ပျိုးရေးလုပ်ငန်းဖြစ်တဲ့ မာရီဆန်မာလာယလန်HM ကုမ္ပဏီက ဇန်နဝါရီလမှ အီသီရိုးပီးယား၊ ကင်မရွန်း၊ ဂါနာနဲ့ အင်ဒိုနီးရှားတို့မှာ ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဖို့ စုံစမ်းထောက် လှမ်းနေကြောင်းသိရပါတယ်။ ဒါ့အပြင်အိန္ဒိယရဲ့အရှေ့ မြောက်ပြည်နယ်ဖြစ်တဲ့ ထရိုင်ပူရမှာရော်ဘာစိုက်ပျိုးဖို့ အခြေအနေ တွေသင့်လျော်တဲ့အတွက်စီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။HM ကုမ္ပဏီအနေနဲ့ ယခင်ကတည်းက ရော်ဘာစိုက်မြေ ၇ဝဝဝ ဟတ်တာပိုင်ဆိုင်ထားပြီးပေမဲ့ ္ဋ၎င်းကုမ္ပဏီရဲ့နှစ်စဉ်သုံးစွဲမှု စွမ်းအားရဲ့ တစ်ဝက်သာထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။HM အနေနဲ့ ဖက်စပ်ဒါမှမဟုတ်ငှားရမ်းပြီး ဟက်တာ ၁ဝဝဝဝ လောက်ကို တာယာ၊ ရော်ဘာအစေး အားကစား ပစ္စည်းနဲ့ လက်အိတ်ထုတ်လုပ်မှုဝယ်လိုအားတွေအတွက် စိုက်ပိုျးရေးဆောင်ရွက်လိုကြောင်း သိရ ပါတယ်။ လွန်ခဲ့တဲ့ နှစ်က အိန္ဒိယအစိုးရကအဆင့်မြင့်လုပ်ငန်းအုပ်စုများကိုနိုင်ငံခြားတိုင်းပြည်များမှာ ရင်းနှီးမြှုပ်နံှဖို့သဘောတူထားပြီးဖြစ်ကြောင်းသိရပါတယ်။ ဒီနည်းလမ်းနဲ့အစိုးရက အိန္ဒိယကုမ္ပဏီတွေကို အထောက် အကူအပြည့်အဝပေးမှာဖြစ်ကြောင်းသိရပါတယ်။ အိန္ဒိယမှာ စိုက်ပျိုးနိုင်တဲ့မြေနည်းပါး နေပြီဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ စိုက်ပျိုးနိုင်တဲ့မြေက နိုင်ငံရဲ့ ၄၈ ဒသမ ၈၃ ရာခိုင်နှုန်းသာ ရှိကြောင်း သိရပါတယ်။ ယခုအချိန်မှာတော့ မြို့ပြတည်ထောင်မှုတွေတိုးလာတာကြောင့်စိုက်ပျိုးမြေတွေ တဖြည်းဖြည်း နည်းလာ တာ ဖြစ်ကြောင်း သိရပါတယ်။ ဒီလိုပြည်ပမှာ သွားရောက် စိုက်ပိုျးထုတ်လုပ်မယ့်လုပ်ငန်းစဉ်က အသစ်အဆန်းတစ်ခုတော့မဟုတ် ပေမဲ့ အဓိကစီးပွားရေး လက်ကြီးသမားတွေက အချိန်တော်တော်ကြာကြာကတည်းကစတင်ဆောင်ရွက်နေ ပြီဖြစ် ကြောင်းသိရပါတယ်။၂ဝ၁ဝ နိုဝင်ဘာမှဟက်တာ သန်း ၂ဝ ကျော်လောက်ကိုကမ္ဘာတစ်ဝှန်းမှာ ဝယ်ယူထားပြီး ဖြစ်ကြောင်းသိရပါတယ်။ တရုတ်၊ ဆော်ဒီအာရေးဗီးယားနဲ့တောင်ကိုရီးယားတို့ကလည်း ဒီပုံစံအတိုင်းလုပ်ဆောင်နေပြီး ဂျပန်နိုင်ငံကတော့ နိုင်ငံခြားမြေတွေကို အလိုအပ်ဆုံး နိုင်ငံဖြစ်ပြိး ၎င်းပြည်တွင်းစိုက်ပျိုးမြေရဲ့ သုံးဆလောက်လိုအပ်ကြောင်းသိရပါတယ်။ ဒီဆောင်ရွက်ချက်ရဲ့ ခြိမ်းခြောက်မှုကတော့ ရေရှည်မှာလယ်ယာ မြေများငှားရမ်းရယူခြင်းကြောင့် ဒေသကို ထိခိုက်နစ်နာစေကြောင်း ဗိုဇမ်ဘစ်နဲ့ မဒါဂတ်စ်ကာ တို့မှာအတွေ့အကြုံတွေရှိတယ်လို့ သတင်းရရှိပါတယ်။ Source: Commodity online ,KZW
Background