Main menu

Background

၂ဝ၁ဝ-၁၁ အတွင်းကမ္ဘာ့ပြောင်းရောင်းချမှု ဝ ဒသမ ၈ ရာခိုင်နှုန်းခန့် ကျဆင်း

Wed, 05/04/2011 - 05:25 -- Anonymous (not verified)

၂ဝ၁ဝ-၁၁ အတွင်းကမ္ဘာ့ပြောင်းရောင်းချမှု ဝ ဒသမ ၈ ရာခိုင်နှုန်းခန့် ကျဆင်း                     နိုင်ငံတကာ ကောက်ပဲသီးနံှကောင်စီရဲ့ အစီရင်ခံစာအရ ၂ဝ၁ဝ-၁၁ အတွင်း ကမ္ဘာ့ပြောင်းထွက်ရှိမှုက ၂ဝဝ၂-ဝ၃ ခုနှစ်နောက်ပိုင်း ပထမနှစ်အနေနဲ့ တိုးတက်ထွက်ရှိတဲ့တိုင် စုစုပေါင်း ရောင်းချမှုကတော့ ဝ ဒသမ ၈ ရာခိုင်နှုန်းကျဆင်း ခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ တိရစ္ဆာန်အစာနဲ့ စက်မှုလုပ်ငန်းများအတွက် ဝယ်လို အား ခိုင်မာနေဆဲဖြစ်တာကြောင့် ဈေးနှုန်းမြင့်တက်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။                  အမေရိကန်နိုင်ငံရဲ့ပြောင်းလက်ကျန်က ၆ဝရာခိုင်နှုန်းခန့် ကျဆင်းခဲ့တဲ့အတွက် ကမ္ဘာ့လက်ကျန်ဟာလည်း နည်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကုန်သွယ်မှုအနေ နဲ့ အီးယူ၊ တရုတ်နဲ့ မြောက်အာဖရိကကို ပိုမိုတင်ပို့ရတဲ့ အတွက် သုံးနှစ်အတွင်း အမြင့်ဆုံးနဲ့ တန်ချိန် ၉၆ သန်းထိရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂ဝ၁၁-၁၂ အတွင်း ကမ္ဘာ့ပြောင်းထုတ်လုပ်မှုဟာ တန်ချိန် တစ်သန်းမြင့်တက်ပြီး စုစုပေါင်းတန်ချိန် ၈ဝ၉ သန်းရှိမယ်လို့ ဆိုပါတယ်။ အဓိကပြောင်းတင်ပို့နိုင်ငံတွေ ထဲမှာ အထူးသဖြင့် အီးယူ၊ ရုရှားနဲ့ အမေရိကန်တို့မှာ ထုတ်လုပ်မှု ပြန်တက်လာနိုင် တာကြောင့် ဖြစ်ပါတယ်။ လမင်း ၊Source: I G C