Main menu

Background

ကမ္ဘာ့သကြားရောင်းချမှု တိုးတက်မယ့်အလားအလာအရ သကြားဈေးနှုန်းအားပျော့လာ

Wed, 05/04/2011 - 05:26 -- Anonymous (not verified)

ကမ္ဘာ့သကြားရောင်းချမှု တိုးတက်မယ့်အလားအလာအရ သကြားဈေးနှုန်းအားပျော့လာ                    ကမ္ဘာ့သကြားရောင်းချမှု တိုးတက်မယ့်အလားအလာကြောင့် လန်ဒန်သကြားကြမ်း ကြိုပွိုင့်ဈေးဟာ ဧပြီလ ၂၇ ရက်မှာ ၆ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ ထိပ်တန်းသကြား ထုတ်လုပ်တဲ့ ဘရာဇီးနဲ့ ကမ္ဘာမှာဒုတိယအများဆုံး တင်ပို့နေတဲ့ ထိုင်းနိုင်ငံတို့က မျှော်မှန်းထားတာထက် ပိုထွက်မယ်လို့ ခန့်မှန်းထားပြီး အိန္ဒိယက သကြားတင်ပို့မှု ကိုလည်း ထပ်မံကန့်သတ်ခြင်းမရှိတဲ့ မျှော်လင့်ချက်တွေအရ ဈေးနှုန်းကျဆင်းလာ ခြင်း ဖြစ်တယ်လို့ သိရပါတယ်။                    I C E  မှာ မေလပို့ရမယ့်သကြားကြမ်းဈေးက ၁ ဒသမ ၆ ရာခိုင်နှုန်းကျ ဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၄ ဒသမ ၅၅ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၄၁) ဖြစ်ခဲ့ပြီး ဇူလိုင်လအတွက် သကြားကြမ်းဈေးက ကန်ဒေါ်လာ ဝ ဒသမ ၂၈ ဆင့် ကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၂ ဒသမ ၉၆ ဆင့် (တစ်တန်ကို ကန် ဒေါ်လာ ၅ဝ၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သကြားကြမ်းဈေးဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ နှစ် ၃ဝ အတွင်း အမြင့်ဆုံးဖြစ်တဲ့ ကန်ဒေါ်လာ ၃၆ ဒသမ ဝ၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၇၉၅) ဈေးရဲ့ သုံးပုံတစ်ပုံနီးပါး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: Reuters