ဧရာဝတီတိုင်းဒေသကြီးအတွင်း မမြချောင်းတံတားသစ်ဖွင့ ်လှစ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း မမြချောင်းတံတားသစ်ဖွင့ ်လှစ်                 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်အတွင်းရှိ ဟင်္သာတ၊ဆုံကုန်း၊မြန်အောင် ကားလမ်းမပေါ်တွင် ဆောက်လုပ်လျက်ရှိသော မမြချောင်း တံတားကို ၂ဝဝ၉ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၁ခုနှစ် ဧပြီ ၂၈ ရက် နံနက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ဧရာဝတီတိုင်းဒေသကြီး၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မမြချောင်းတံတားကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းတံတားအထူးအဖွဲ့(၁) မှဆောက်လုပ်ပြီး ယာဉ်သွားလမ်းအကျယ် ၂၄ပေ နှစ်လမ်းသွားနှင့် ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၆ဝ၊ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ မင်းမင်းဦး