Main menu

Background

သြင်္ကန်အပြီး အရောင်းအဝယ်သွက်လျက်ရှိသည့် မန္တလေးမြေဈေးကွက်

Wed, 05/04/2011 - 05:31 -- Anonymous (not verified)

သြင်္ကန်အပြီး အရောင်းအဝယ်သွက်လျက်ရှိသည့် မန္တလေးမြေဈေးကွက်               သြင်္ကန်ပွဲတော်ပြီးလျှင်ပြီးချင်း မန္တလေးမြေဈေးကွက်မှာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရပါတယ်။ ယခုနှစ်တွင် နှစ်ဆန်းပိုင်းကစလို့ မြေအရောင်း အဝယ်ကောင်းခြင်းကြောင့် ယခင်နှစ်ဈေးနှုန်းနှင့် ကွာဟမှုရှိလာကြောင်း သိရပါ တယ်။               မန္တလေးမြို့ရှိ ဝါရင့်မြေအကျိုးဆောင်တစ်ဦးက ''ဒီနှစ်မှာ နှစ်ဆန်းတစ်ရက် နေ့ကစပြီး အရောင်းအဝယ် စလုပ်ရတယ်။ မနှစ်ကဆို သြင်္ကန်ပြီးတစ်လလောက်က အလုပ်မဖြစ်ခဲ့ဘူး။ ၂ဝ၁ဝ ခုနှစ် နှစ်ကုန်ကာနီးကစပြီး အရောင်းအဝယ်သွက်ခဲ့တာ၊ ရွှေဈေးကကောင်း၊ စီးပွားရေးလည်းအဆင်ပြေလာတော့ မြေကအလားအလာ ရှိတဲ့အတွက် မြေဈေးကွက်ကောင်းလာခဲ့တယ်။ မြို့သစ်တိုးခဲျ့နေရာတွေမှာ စီမံကိန်းလုပ်ငန်းတွေရှိတော့ အဲဒီအနီးက မြေတွေဆိုပိုပြီး တန်ဘိုးမြင့်တယ်။ မြေဈေးကွက်က မြို့ထဲရော မြို့သစ်ပါဖြစ်နေတဲ့အတွက် ဈေးပြိုင်တက်တဲ့ သဘောရှိတယ်'' လို့ ပြောပါတယ်။ မန္တလေးမြို့ မြို့တွင်းပိုင်းဖြစ်တဲ့ အောင်တော်မူရပ်၊ မဟာဇေယျာဘုံရပ်၊ ရွှေ့လံှရပ်နဲ့ လမ်း ၈ဝ ၊ ၇၈ လမ်း၊ ၈၄ လမ်းမပေါ်ရှိ မြေကွက်များ အရောင်း အဝယ်ဖြစ်လျက်ရှိရာ မန္တလေးအနောက်ခြမ်းတွင် မျက်နှာဖွင့်တစ်ပေလျှင် သိန်း ၂၅ဝ ကျပ်၊ အရှေ့ခြမ်းတွင် မျက်နှာပွင့် တစ်ပေလျှင် ကျပ်သိန်း ၁၃ဝ ဈေးရှိ၍ မြို့သစ်ပိုင်းတွင် ရဲမွန်တောင်၊ ထန်းကိုးပင်ရပ်၊ လလ၊ ဝဝ၊ ဆ၊ တ၊ အကွက်များ အရောင်းအဝယ်သွက်၍ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ ထန်းကိုးပင် ရပ်တွင် ပေ ၄ဝ x ၆ဝ တစ်ကွက်လျှင် ကြားကွက် ကျပ်သိန်း ၄ဝဝ ဝန်းကျင်၊ ရဲမွန်တောင်ရပ်တွင် ၄၁၊ ၄၂၊ ၅၆ လမ်း မေးတင်ကွက် ကျပ်သိန်း ၂၄ဝဝ ဝန်းကျင်၊ လလ နဲ့ ဝဝ အကွက်များမှာ လမ်း အနေအထားနှင့် နေရာကျမှုပေါ်မူတည်၍ သိန်း ၁ဝဝ ကျပ်နဲ့ သိန်း ၁၃ဝဝ ကျပ်ကြား၊ ဆ နဲ့ တ အကွက်များမှာ ကျပ်သိန်း ၃ဝဝ နဲ့အထက် ရှိကြောင်း သိရပါတယ်။ ဇူးဇူး