ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၃၅ ၂၃ဝ၂ လားရှိုး ၁ ပိဿာ ၂၇၅ ၂၇ဝ၃ မူဆယ် ၁ တန် ၂၅၃၂ဝ၈ ၂၅၁၁၁၁၄ မန္တလေး ၁ ပိဿာ ၂၇၄ ၂၇ဝပြောင်းဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ မန္တလေးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေမယ့် အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၂၇ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ။် လားရှိုးဈေးကွက်မှာ တရုတ်ဝယ်လက်က တစ်ပိဿာကို ၂၇ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၉၄၅ဝဝ ခန့် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးမဆိုသိသလောက်က်ကျနေကြောင်း သိရပါ တယ။် မူဆယ်ဈေးကွက်မှာ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ် ကလည်း ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ဆိုပါတယ်။ တောင်ကြီးဈေးကွက်မှာ မန္တလေး-ရန်ကုန်ဝယ်လက်အပြင် ဒေသ တွင်းအစာစပ်လုပ်ငန်းရှင်များကပါ တစ်ပိဿာ ၂၃ဝ ကျပ်နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ဈေးအနည်းငယ်ကျနေတယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။
Background