ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်သမားများ ဝယ်အားပုံမှန်ရှိနေ
ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁ဝဝဝ ၉၉ဝ၂ မန္တလေး ၁ ပိဿာ ၉၆၉ ၉၈၇၃ မုံရွာ ၁ ပိဿာ ၉၆၈ ၉၇၄၄ ပခုက္ကူ ၁ ပိဿာ ၉၈၉ ၉၈၄ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်သမားများ ဝယ်အားပုံမှန်ရှိနေ ဘုရင့်နောင်ဈေးကွက်တွင် အိတ်စပို့ဝယ်လက်တွေက ပြည်ပဈေးကွက်အခြေအနေကို ချိန်ဆပြီး တစ်ပိဿာကို ၉၉ဝ ကျပ် (တစ်တန်ကို ၆ဝ၆၂၆၆ ကျပ်)နဲ့ အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ မန္တလေး ဈေးကွက်မှာ ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ဒေသတွင်း ပဲခွဲစက် သမားများကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၈၇ ကျပ်(တစ်တန်ကို ၆ဝ၄၄၂၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံ ကုန်သည် တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာ ဒေသတွင်းပဲ ခွဲစက်၊ပဲကြော် ဖို အမှုန့်ကြိတ်စက်သမားတွေအပြင် ရန်ကုန်ဝယ်လက်ကပါ အဆွဲ အနည်းငယ်ရှိတာတို့ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာ ၉၇၄ ကျပ် (တစ်တန်ကို ၅၉၆၄၆၇ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူ ဈေးကွက်မှာ ပဲခွဲစက်သမားများက တစ်ပိဿာ ၉၈၄ ကျပ် (တစ်တန်ကို ၆ဝ၂၅၉၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြား အဝယ်ရှိ ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
