ကုန်စည်ဒိုင် သုံးသပ်ချက်

 ကုန်စည်ဒိုင် သုံးသပ်ချက်                မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပဲရဲ့အရည်အသွေး အရတွက်ချက်ဝယ်ယူမှုတွေ ရှိနေတာရယ် အိန္ဒိယပြည်ရှိ ပဲလက်ကြီး သမားတွေကလည်း စပိန်ပဲမျိုးစုံပြပွဲသွားရောက်နေတာရယ်၊ အိန္ဒိယ မှာရွေးကောက်ပွဲရှိနေတာရယ်အပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတ မှာ ဈေးကျဆင်းလာကြောင်း တွေ့ရပါတယ်။                     ပဲတီစိမ်း(ခရမ်း) ကို တရုတ်ဝယ်လက်တွေက အရည်အသွေးလိုတာကို အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့် နောင်နဲ့ မန္တလေးမှာ ဈေးကကျရိပ်သမ်းလာတာ တွေ့ရပါတယ်။ ပဲတီစိမ်း(အညာ) ကိုအိတ်စပို့ ဝယ်လက်တွေက အရည်အသွေး ပေါ်မူတြည်ပီး ဈေးပေးအဝယ်ရှိတာကြောင့် မုံရွာမှာ ဈေးမြင့် နေပြီး မန္တလေးမှာ ဈေးကျနေတာတွေ့ရပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဘက်က အဆွဲအေးသွားတဲ့အပေါ်အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးသိသိသာစွာာကျဆင်းလာကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက်အဆွဲနည်းပြီး ဒေသ တွင်းပဲခွဲစက်သမားများ၊ ပဲကြော်ဖိုလုပ်ငန်းရှင်များ၊ အမှုန့်ကြိတ်စက် သမားများ ဝယ်အားပုံမှန်ရှိတာကြောင့် မန္တလေးနဲ့ မုံရွာမှာ ဈေးမြင့့့််် နေပြီး ဘုရင့်နောင် နဲ့ ပခုက္ကူမှာ ဈေးမဆိုသိုသိသလောက်ကျ နေတာ ကို တွေ့ရပါတယ်။                      ကုလားပဲ(တိုင်ပေ)ကို ဒေသတွင်း ပဲခွဲစက်သမားများနဲ့ပဲကြော်ဖိုလုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန် သည်များ အရောင်းများလာတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံနဲ့ မြင်းခြံမှာ ဈေးအနည်းးငယ်က်ကျလာတာ တွေ့ ရပါတယ်။                          နှမ်းဖြူကို တရုတ်အဆွဲအေးပေမယ့် ဒေသတွင်းဆီကြိတ် လုပ်ငန်းရှင်များနဲ့ လက်လီသမားများ ဝယ်အားပုံမှန်ရှိတာကြောင့် မကွေး မှာ ဈေးမြင့်နေပြီး မုံရွာမှာ ဈေးတန့်နေကာ မန္တလေးတွင်  ဈေး အနည်းငယ်ကျနေကြောင်း တွေ့ရပါတယ်။