Main menu

Background

ဈေးကွက်မှ မျှော်လင့်နေတဲ့ စိန်တစ်လုံး သရက်သီး

Wed, 05/04/2011 - 08:07 -- Anonymous (not verified)

 ဈေးကွက်မှ မျှော်လင့်နေတဲ့ စိန်တစ်လုံး သရက်သီး                   မန္တလေးရဲ့ ဈေးကွက်အခိုင်အမာရရှိနေတဲ့ စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ အောင်ဒင်၊ မယ်သီ၊ မစောရင်၊ ပတ္တမြားငမောက်၊ ဦးမေဓိရ၊ ခေါင်ကျိုး သရက်သီးများထွက်ရှိလို့လာပါပြီ။ စောစောရင့်မှည့်ထွက်ရှိတဲ့ သရက်သီး ကတော့ စိန်တစ်လုံးနဲ့ အောင်ဒင်ဖြစ်ပါတယ်။ ကျောက်ဆည်၊ အမရပူရ၊ ပုသိမ်ကြီးမြို့နယ်က စိန်တစ်လုံး သရက်ခြံများမှ တစ်ရက်လျှင် ၁ဝ စီး၊ ၁၅ စီးထိ သြင်္ကန်ပြီးတဲ့နောက်ပိုင်း တင်ပို့နေကြပါတယ်။ မူဆယ် ၁ဝ၅ မိုင်မှာ စိန်တစ်လုံးတစ်ကီလိုဂရမ်ကို ၂ ဒသမ ၅ ယွမ်မှ ၃ ဒသမ ၅ ယွမ်အထိ ဈေးပေါက်ပါတယ်။ မနှစ်က ကာလတူ ဈေးနှုန်းထက် ပိုရတယ်လို့ဆိုပါတယ်။ ''ဟံမြင့်မိုရ်ကျေးရွာ ပတ်ဝန်းကျင်ရှိ စိန်တစ်လုံးစိုက်တဲ့ ရဲကြီး၊ သံရွာ၊ ပုန်းညက် ကျေးရွာများမှ ခြံပိုင်ရှင်များစုပေါင်းပြီး ဟိုင်းလတ်၊ ဒိုင်နာကား များငှားပြီး တစ်ရက်လျှင် ကားငါးစီး၊ ရှစ်စီးထိ ၃၅ လုံးဝင် ဂျပ်ဖာတစ်ခုကို ကားသယ်ယူခ ၁၈ဝဝ ကျပ်ဖြင့် မူဆယ် ၁ဝ၅ မိုင်သို့ တင်ပို့နေပါတယ်။ ဒီနှစ်က သရက်သီးအရည်သွေး၊ သတ်မှတ်ထုပ်ပိုးမှု စနစ်တကျရှိမှုကြောင့် တစ်ကီလို ၃ ဒသမ ၅ ယွမ်ထိရပါတယ်။ လေပြင်းတိုက်ခတ်လို့ အထွက်နှုန်း ကျသော်လည်း ဈေးကွက်ခိုင်မာတဲ့အတွက် စိန်တစ်လုံးသရက်ခြံပိုင်ရှင်များ ဈေးကောင်းရနေကြပါတယ်''လို့ ကျောက်ဆည်မြို့၊ ဟံမြင့်မိုရ်ကျေးရွာမှ သရက် သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ ဦးအောင်ကျော်မိုးထံမှ သတင်းရ ရှိပါတယ်။ ကျော်ဦး