Main menu

Background

ဆီးရိုင်းသီးလည်း ဝရင် ဈေးမကောင်း

Wed, 05/04/2011 - 08:21 -- Anonymous (not verified)

 ဆီးရိုင်းသီးလည်း ဝရင် ဈေးမကောင်း             ဝတာဟာ ကိုယ်ကိုယ်တိုင်အတွက် အသွားလေး အလာနှေး အထိုင်အထလေးတဲ့အပြင် ရေရှည် ကျန်းမာရေးအတွက် မကောင်းတာ လူတိုင်းသိကြပါတယ်။တစ်ခါတစ်ရံ ပတ်ဝန်းကျင်ကိုလည်း အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဝတဲ့ သူ ဆိုက်ကားစီးရင် ပုံမှန်ထက် နှစ်ဆအတောင်းခံရသလို တစ်ဖက် ၁၂ ယောက်ဆံ့တဲ့ ဟိုင်းလတ်လို၊ ဒိုင်နာလို ဘေးတန်းခုံတွေမှာ ဝတဲ့သူတွေကြောင့် ၁ဝ ယောက်နဲ့ပဲပြည့်သွားရင် စပယ်ယာရဲ့ မေတ္တာပို့သခြင်းကို ခံရတတ်ပါတယ်။ ဒါကြောင့် ဝတာ မကောင်းပါဘူး။             လူတွင်မကပါဘူး ဆီးရိုင်းသီးတွေမှာလည်း ဝရင်ဈေးမရပါဘူး။ ပေါက်နယ်၊ မြိုင်နယ်ကထွက်တဲ့ ဆီးရိုင်းသီးတွေက သေးသေး ကျစ်ကျစ်တွေဆိုတော့ တစ်တင်းကို ၃၅ဝဝ ကျပ်ရပါတယ်။ ပခုက္ကူတစ်ဝိုက် ကံမနယ်က ဆီးသီးခြောက်အလုံး ထွားထွားတွေဆိုရင် တစ်တင်းကို ၂၅ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်ဘဲရပါတယ်။ ဆီးသီးကလည်း သစ်သီးလှိမ့်ချတင်းတောင်းနဲ့ခြင် ဝယ်ရောင်းတာဆိုတော့ အလုံးရေပါဝင်မှုမှာ ကွာသွားလို့ပါ။               အလုံးရေကွာပြီးဆိုတော့ ဆီးစေ့ထွက်တာကွာပြီပေါ့ အခုလိုဆီးပေါ်ချိန်မှာဆိုရင် ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ကံမလမ်း တစ်လျှောက် ဆီးခွဲစက်ခြံဝင်းတွေအတွင်းမှာ ဆီးသီးခြောက်တွေ တောင်လိုပုံနေပါတယ်။ ဆီးသီးခြောက်တစ်တင်းကို ကြိတ်ခွဲရင် ဆီးဝက်ဆံ ၂၅ ကျပ်သားမှ ၂၇ ကျပ်သားထိ ထွက်ပါတယ်။ ဆီးဆံဈေးက တစ်ပိဿာကို သြင်္ကန်မကျမီက ၁၃၃ဝဝ ကျပ်ရှိခဲ့ပြီး လက်ရှိ ၁၄၆ဝဝ ကျပ် ပေါက်ပါတယ်။ ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုပြီး တရုတ်ဈေးကွက်ကို တင်ပို့ရောင်းချ တယ်လို့ သိရပါတယ်။ မောင်မောင်အေး