Main menu

Background

သီရိမာလာပန်းဈေးကွက်သို့ ဝင်ရောက်လာသော တရုတ်ပန်း

Wed, 05/04/2011 - 08:29 -- Anonymous (not verified)

သီရိမာလာပန်းဈေးကွက်သို့ ဝင်ရောက်လာသော တရုတ်ပန်း              မန္တလေးမြို့၊ သီရိမာလာပန်းဈေးကွက်သို့ ပြင်ဦးလွင်ပန်းများ ရှားပါးချိန်မှာ တရုတ်နိုင်ငံမှ လီလီပန်းနဲ့ ကာနေးရှင်းပန်းများ ဝင်ရောက်လာကြပါတယ်။ တစ်ရက်မှာ ဟိုင်းလတ်ကား သုံးစီးခန့် မူဆယ်ပန်းကုန်သည်များနှင့် မန္တလေးပန်းကုန်သည်တို့ ချိတ်ဆက်ပြီး ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ဟိုင်းလတ်ကားတစ်စီးမှာ ၁ ဒသမ ၈ တန်၊ ပန်းသေတ္တာကြီး ၁ဝ တာ၊ တစ်တာမှာ ၁၈ဝ ကီလိုဂရမ်ခန့်ရှိပြီး ပန်းစီးရေ ၈ဝ စီးရှိပါတယ်။ ဈေးနှုန်းက တစ်တာလျှင် ၂ဝ၄ဝဝဝ ကျပ်ဖြင့် ဝယ်ရပါတယ်။ သီရိမာလာပန်းဈေးကွက်မှ ကုန်သည်တစ်ဦးက ''ပြင်ဦးလွင်၊ လက်ကောင်းပန်းရှားပါးတဲ့အချိန်မှာ မူဆယ် ၁ဝ၅ မိုင်မှ တစ်ဆင့် မှာယူထားတဲ့ တရုတ်လီလီပန်းနဲ့ ကာနေးရှင်းပန်းတွေကို အစားထိုးရောင်းချရပါတယ်။ မြန်မာ ပန်းဈေးကွက်မှာ အသင့်အတင့်နေရာယူလာပြီဖြစ်တဲ့ တရုတ်လီလီပန်းနဲ့ ကာနေးရှင်းပန်းတွေကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့ကြီးများသို့ ထပ်ဆင့်တင်ပို့ရောင်းချပါတယ်။ တရုတ်ပန်းတွေက အရည်အသွေးနဲ့ထုပ်ပိုးမှု နည်းပညာတွေက မြင့်မားပါတယ်။ ဘုရားပန်း လှူရာမှာ တစ်လအထိအထားခံပါတယ်။ နောက်ပြီး ဘုရားပန်းအိုးရေကလည်း အနံ့မထွက်ပါဘူး။ လီလီပန်း တစ်စီးကို ကျွန်တော်တို့ ရောင်းတဲ့ဈေးက ၃၅ဝဝ ကျပ်၊ ၄ဝဝဝ ကျပ်ဖြစ်ပြီး၊ ကာနေးရှင်းပန်းတစ်စီးကို ကျပ် ၄ဝဝဝ ကျပ်၊ ၄၅ဝဝ နဲ့ လက်လီပြန်လည်ရောင်းချပါတယ်။ ပြင်ဦးလွင်လက်ကောင်းပန်းတွေ လှိုင်လှိုင်ပေါ်လာရင်တော့ တရုတ်ပန်းတွေ အရောင်းထိုင်း သွားပါတယ်''လို့ ဆိုပါတယ်။ ကျော်ဦး