Main menu

Background

မော်လမြိုင် ဒူးရင်းသီး လှိုင်လှိုင်ပေါ်ပြီ

Wed, 05/04/2011 - 08:32 -- Anonymous (not verified)

မော်လမြိုင် ဒူးရင်းသီး လှိုင်လှိုင်ပေါ်ပြီ                 မွန်ပြည်နယ်ရဲ့ အဓိကထွက်ကုန်သီးနံှတစ်မျိုးဖြစ်တဲ့ ဒူးရင်းသီးဟာ စတင်ပေါ်ချိန် ဧပြီလဆန်းပိုင်း၌ မော်လမြိုင်မြို့ ဈေးကွက်တွင် အလုံးသေး တစ်လုံးကို ကျပ် ၃ဝဝဝ၊ အလုံး ကြီး တစ်လုံး ကျပ် ၆ဝဝဝ ကျပ်ရှိပြီး ထိုင်းဒူးရင်းသီးမှာ အလုံးသေး ကျပ် ၄ဝဝဝ၊ အလုံးကြီး ကျပ် ၇ဝဝဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                 ယခုအခါ မော်လမြိုင်ဈေးကွက်ရှိ ပွဲရုံများသို့ မြို့နယ်အသီးသီးမှ ဒေသ ထွက်ဒူးရင်းသီးတစ်နေ့ကို အလုံး ၆ဝဝဝ ခန့် ဝင်ရောက်လျက်ရှိသလို ထိုင်းမှ ဒူးရင်းသီးများလည်း တစ်ရက်ခြား မြဝတီကားဆင်းသော နေ့များမှာ လုံးရေ ၈ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ ဧပြီလ နောက်ဆုံးပတ် ဒေသထွက် ဒူးရင်းသီးတစ်လုံး လုံးသေး ၂ဝဝဝ ကျပ်၊ လုံးကြီး ၅ဝဝဝ ကျပ်ဖြင့် လည်းကောင်း၊ ထိုင်းဒူးရင်းသီးမှာ တစ်လုံးကို လုံးသေး ကျပ် ၃ဝဝဝ မှ လုံးကြီး ကျပ် ၆ဝဝဝ ထိ ရောင်းချနေကြောင်း၊ မော်လမြိုင်သစ်သီးပွဲရုံများ ဈေးကွက်က သိရပါတယ်။ သန်းသန်းဝင်း