Main menu

Background

အလုပ်လက်မဲ့ဖြစ်မှု ရှည်ကြာနေလို့ ဗဟိုဘဏ်ဥက္ကဌ စိုးရိမ်

Wed, 05/04/2011 - 08:42 -- Anonymous (not verified)

အလုပ်လက်မဲ့ဖြစ်မှု ရှည်ကြာနေလို့ ဗဟိုဘဏ်ဥက္ကဌ စိုးရိမ်                 အလုပ်လက်မဲ့အကျပ်အတည်းရှည်ကြာလို့  ဖြစ်ရတဲ့ ဆုံးရှုံးမှုများကို ဖော်ပြရင်း အမေရိကန် အလုပ်လက်မဲ့ ဖြစ်မှု ဒုတိယကမ္ဘာစစ်နောက်ပိုင်း တွင်အဆိုးဝါးဆုံးဖြစ်ကြောင်း အမေရိကန် ဗဟို ဘဏ် ဥက္ကဌ ဘင်ဘာနန်ကီက ဧပြီ ၂၇ ရက်က ကျင်းပသော ဗဟိုဘဏ်မူဝါဒအစည်းအဝေးအပြီး ပထမဆုံးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။                စီးပွားရေးဆုတ်ကပ်မှ နာလန်ထမှု နှေးကွေး တဲ့အတွက် အလုပ်အကိုင်မရှိသူတွေရဲ့ ၄၅ ရာခိုင် နှုန်းက ခြောက်နဲ့ အထက် အလုပ်လက်မဲ့ဖြစ်နေကြသူတွေဖြစ်ကြောင်း သူကပြောပါတယ်။ ''လူတွေ အလုပ်ခွင်နဲ့ ရေရှည်ကင်းကွာနေရင် သူတို့ကျွမ်းကျင်မှုတွေ တစ်စစလုံးပါးပါးသွား နိုင်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်တဲ့ အကျိုးဆက် တွေက စိတ်မချမ်းမြေ့စရာတွေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ပါတယ်'' လို့ ဘာနန်ကီက ပြောပါတယ်။ ''အလွန့်အလွန်နက်ရှိုင်းတဲ့ တွင်းနက်ကြီး ထဲကနေ ထွက်ဖို့ ကျွန်တော်တို့လုံးပမ်းနေရပါ တယ်။ အကျပ်အတည်းမဖြစ်ခင်က ရှိခဲ့တဲ့ အလုပ် အကိုင်အခြေအနေအောက် အလုပ်အကိုင်ခုနှစ် သန်းလောက် နိမ့်ကျနေပါသေးတယ်'' လို့သူက ပြောပါတယ်။ Source:AFP.com