၂ဝ၁၂ မှာ ဖိလစ်ပိုင်က ဆန်အနည်းဆုံး တင်သွင်းမယ်လို့ဆို
၂ဝ၁၂ မှာ ဖိလစ်ပိုင်က ဆန်အနည်းဆုံး တင်သွင်းမယ်လို့ဆို ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝ၁၂ မှာ ဆန်အမြောက်အများ သိုလှောင်ထားမှုကြောင့် ယခုနှစ် တင်သွင်းပမာဏ၏ ထက် ဝက် ဖြစ်သည့် တန်ချိန် ၅ သိန်းသာ တင်သွင်းမည် ဖြစ်ကြောင်း၊ ၂ဝ၁ဝ ခုနှစ်အတွင်း တင်သွင်းခဲ့သည့် ပမာဏ၏ ၅ ပုံ ၁ ပုံထက်နည်းပြီး တင်သွင်းသွားဖို့ စီစဉ်ထားကြောင်း မေလ ၉ ရက်နေ့မှာ အစိုးရက ပြောကြားကြောင်း သိရပါ တယ်။ ၂ဝ၁၁ ခုနှစ်အတွက် စုစုပေါင်းတင်သွင်းမှုကို တန်ချိန် ၈၆ဝဝဝဝ ၊ ယခင်နှစ်တင်သွင်းပမာဏရဲ့ ၃ ပုံ ၁ ပုံအဖြစ် စီမံထားပြီးဖြစ်တယ်လို့လည်း စိုက်ပျိုးရေးဝန်ကြီး Proceso Aleala မှ ပြောကြားပါတယ်။ ၂ဝ၁၁ နွေစပါးထွက်ရှိမှုကလည်း စံချိန်တင်မြင့်တက်ခဲ့ တယ်လို့ ဆိုပါတယ်။ ယခုနှစ် ထုတ်လုပ်မှု တိုးမြင့်ဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက်အားလုံး အကောင်အထည် ဖော်နိုင်ခဲ့တာ ကြောင့် ယခင်နွေစပါးရာသီများထက် ပိုထွက်လာခြင်းဖြစ် တယ်လို့လည်းဆိုပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ပြည်တွင်းဆန်ဖူလုံလိမ့်မယ်လို့လည်း ၎င်းကထပ်လောင်း ပြောကြားပါတယ်။ ဇန်နဝါရီလအတွင်းက ၂ဝ၁၃ ခုနှစ်မှာ ပြည်တွင်းဆန်ဖူလုံရမယ်ဆိုတဲ့ အစီအစဉ်ကို ဆန်စားသုံးမှု မြင့်တက်ခြင်းနဲ့ ရာသီဥတုပြောင်းလဲမှုများအတွက်လည်း ထည့်သွင်းစဉ်းစား သင့်ကြောင်း IRRI မှ အကြံပြုပြောကြားခဲ့တယ်လို့ သိရပါ တယ်။ ၂ဝ၁၃ ခုနှစ်မှာ ပြည်တွင်းဆန်ဖူလုံမှု ရည်မှန်းပမာဏ တန်ချိန် ၂၁ ဒသမ ၁၂ သန်းထွက်ရှိခဲ့ရင် ဖိလစ်ပိုင်နိုင်ငံအနေ နဲ့ အော်ဂဲနစ်ဆန်နဲ့ တန်ဖိုးမြင့်ဆန် အမျိုးအစားများ စတင် တင်ပို့လာနိုင်တော့မှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဌာနက ယခုနှစ်စပိုင်းမှာ ၂ဝ၁၁ အတွက် ဆန်တင်သွင်းမှု ပမာဏကို ၂ဝ၁ဝ ခုနှစ်ရဲ့ ထက်ဝက်နီးပါး ဖြစ်တဲ့ တန်ချိန် တစ်သန်းခန့်ကိုလျှော့ချဖို့စီစဉ်ခဲ့ကြောင်း သိရပါတယ်။ လမင်းး၊Source: riceonline
