Main menu

Background

မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်ထက်တိုးပြီး တန် ၁၅ဝဝဝ ပို့

Fri, 05/20/2011 - 04:42 -- Anonymous (not verified)

မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်ထက်တိုးပြီး တန် ၁၅ဝဝဝ ပို့                ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ သြင်္ကန်ပြီးနောက်ပိုင်း တစ်ပတ်ထက် တစ်ပတ် အရှိန်ပိုရလာကာ ယခုတစ်ပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း တန်ချိန် ၁၅ဝဝဝ ထိတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံများ ကတော့ နယူးဇီလန်၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားတို့ဖြစ်ပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်ပို့မှုအနေနဲ့ မေလ ၆ ရက်နေ့ထိ တန်ချိန် ၄၁ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ကာလတူက ယခုနှစ်ထက် အနည်းငယ်ပိုပြီး တန်ချိန် ၄၃ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။                MIRT - MAPT