Main menu

Background

တစ်ပတ်အတွင်း အိန္ဒိယမတ်ပဲများ တည်ငြိမ်သလောက်ရှိ

Fri, 05/20/2011 - 04:46 -- Anonymous (not verified)

တစ်ပတ်အတွင်း အိန္ဒိယမတ်ပဲများ တည်ငြိမ်သလောက်ရှိ                  အိန္ဒိယပြည်တွင်း ပဲဈေးကွက်တွေမှာ ယခင်တစ်ပတ်က မတ်ပဲဈေးတစ်တန် ကန်ဒေါ်လာ ၁ဝ ခန့် လျော့ကျ ခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ တည်ငြိမ် သလောက်ရှိတာ တွေ့ရပါတယ်။ ဈေကွက်တွေမှာ ရောင်းလိုအား အကန့်အသတ် သာရှိပြီး လက်ထပ်ပွဲရာသီကာလ ဝယ်လိုအားတက်လာတာကြောင့် မတ်ပဲဈေး ဆက်မကျဆင်းတာဖြစ်ပါတယ်။ ပဲအဓိကစိုက်တဲ့ဒေသတွေမှာ ရာသီဥတုခြောက်သွေ့နေခြင်းက နွေပဲရိတ်သိမ်းဖို့ အခွင့်သာ စေတာမို့ ပဲအသစ်ဝင်ရောက်မှု တိုးတက် လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ STC အေဂျင်စီမှ မြန်မာမတ်ပဲ တင်ဒါခေါ် ခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေပြီး ဈေးနှုန်းအလားအလာအနေနဲ့ ပြည်တွင်း ဝယ်လိုအားနဲ့ တင်သွင်းမှု အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ လတ်တလောမှာတော့ အိန္ဒိယတောင်သူအချို့ ဈေးအနိမ့်နဲ့ မရောင်းလိုသေးတဲ့အတွက် သိုလှောင်ထားကြတယ်လို့ သိရပါတယ်။ ကာလတို အတွင်းမှာတော့ အချို့ဈေးကွက်မှာ ဈေးငြိမ်ပြီး အချို့ဈေးကွက်မှာ ဈေးလျော့ နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့ တဲ့ မြန်မာမတ်ပဲ FAQ တစ်တန်ရဲ့ ကန်ဒေါ်လာဈေးနှုန်းများကို ဇယားနဲ့ ဖော်ပြထားပါတယ်                        ၁၂-၅-၁၁           ၁၁-၅-၁၁          ၁ဝ-၅-၁၁             ၉-၅-၁၁မွန်ဘိုင်း              ၈၇၁-၈၇၆          ၈၇၃-၈၇၈          ၈၇၂-၈၇၇             ၈၇၂ဒေလီ                 ၉၂၆-၉၁၅          ၈၂၈-၉၁၇          ၈၂၇-၉၁၇           ၈၂၈-၉၁၇ချန်နိုင်း               ၉၁ဝ-၁ဝ၃၈        ၉ဝ၆-၁ဝ၄၁        ၉ဝ၅-၁ဝ၄ဝ         ၉ဝ၆-၁ဝ၄ဝMIRT(MAPT)