ယခုအပတ် ပဲတီစိမ်း တင်ပို့မှု ပိုမို မေလ ၄ ရက်မှ ၁ဝ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒဿမ ၁၁၄ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၉၅၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၅ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီနှစ် ဧပြီလ အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၃၉ဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှာ တန်ချိန် ၁၃ဝဝဝ နီးပါး တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုနှစ်မှာ နယ်စပ်မှ ပဲတီစိမ်း တင်ပို့နိုင်မှု သိသိသာသာ လျော့နည်းသွားတာတွေ့ရပါတယ်။ မိမိဘက် ပဲတီစိမ်း မြေပြင်ပေါက်ဈေးမှာ တစ်တန်ကို ၁၅၉၄၅ ကျပ် လျော့နည်းခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးများ ပြောင်းလဲမှု မရှိဘူး လို့ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၈၅၆၉၇၅ ၈၇၂၉၂ဝ ၁၅၉၄၅ ၂ ၁၁ဝ၅ ၁၁ဝ၅ - -MIRT (DOBT)
Background