Main menu

Background

ဝယ်လက်များ အဝယ်ရှိလာတဲ့ ပြည်ပဲစင်းငုံ

Fri, 05/20/2011 - 05:39 -- Anonymous (not verified)

ဝယ်လက်များ အဝယ်ရှိလာတဲ့ ပြည်ပဲစင်းငုံ                ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ပြည်ဈေးကွက် ပဲစင်းငုံဈေးမှာ ဆက်တိုက်ကျဆင်းနေတဲ့အတွက် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်များ အဝယ်ရှိနေတာကြောင့် အိတ် ၁၆ဝဝ နီးပါး အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ တိုင်းအတွင်းတွင် ပဲလက်ကျန်နည်းနေတဲ့အပြင် အခြားတိုင်းမှလည်း အဝင်မရှိတာကြောင့် ဈေးကွက် တွင်း အရောင်းအဝယ်အေးပြီး လှောင်လက်များ တချို့ကလည်း ဈေးကောင်းမယ့် အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ