Main menu

Background

ပြည် ပဲကြီးဈေးနှုန်းများ သိသိသာသာ ကျဆင်းနေ

Fri, 05/20/2011 - 05:40 -- Anonymous (not verified)

ပြည် ပဲကြီးဈေးနှုန်းများ သိသိသာသာ ကျဆင်းနေ                 ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်မှာ ပဲကြီးဈေးနှုန်းများ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ ဧပြီလအတွင်း ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂ဝ၅ဝဝ ကျပ်၊ ပဲကြီးကမ်းနားတစ်တင်း ၁၈၅ဝဝ ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မေလ ပထမ ပတ်တွင် ပဲကြီးရွှေကျွန်းတစ်တင်း ၁၈ဝဝဝ ကျပ်၊ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၆၅ဝဝ ကျပ်၊ မေလဒုတိယပတ်တွင် ပဲကြီး ရွှေကျွန်းမှာ တစ်တင်း ၁၅၅ဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၄၅ဝဝ ကျပ်ဖြင့် တစ်တင်း ၂ဝဝဝ ကျပ်ခန့် ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဝက်ထီးကန်၊ ပန်းတောင်းဖက်မှလည်း တစ်ရက်ကို အိတ် ၃ဝဝ ကျော် အထိ အဝင်ရှိခဲ့ပြီး ပဲကြော်ဖိုသမားများသာအဝယ်ရှိတဲ့ အတွက် အိတ် ၁၅ဝ ခန့် နေ့စဉ်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း