ဈေးငြိမ်ပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ပဲပုပ် ပြည်ဈေးကွက်တွင် ပဲပုပ်တစ်ပိဿာ ၂ဝ တစ်တင်း ကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေသလို အရောင်းအဝယ် လည်း ငြိမ်နေပါတယ်။ ယခင်နှစ်မတ်လက တစ်တင်းကို ၁၈၅ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်မှာတော့ ယခင် နှစ်ဈေးထက် လျော့နည်းနေတာကြောင့် အရောင်းအဝယ် အေးနေကြောင်း သိရပါတယ်။ အခြားတိုင်းမှ အဝယ်မရှိဘဲ ဒေသတွင်း လက်လီသမားများသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
Background
