Main menu

Background

စိန်ဈေး ဆက်လက်မြင့်တက်သော်လည်း ဒေါ်လာဈေးကျ၍ အမြင့်ဆုံးဈေးမရောက်

Fri, 05/20/2011 - 05:52 -- Anonymous (not verified)

စိန်ဈေး ဆက်လက်မြင့်တက်သော်လည်း ဒေါ်လာဈေးကျ၍ အမြင့်ဆုံးဈေးမရောက်                     ကမ္ဘာ့စိန်ဈေးမြင့်တက်၍ မြန်မာ့စိန်ဈေး ဆက်လက်မြင့်တက်လျက်ရှိသော် လည်း ဒေါ်လာဈေးကျ၍ အမြင့်ဆုံး ဈေးမရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဆပ်ကော် မတီဥက္ကဋ္ဌက '' စိန်ဈေးက ရိုးရိုးကျင်ဖြူ တစ်ရတီကို ၃ဝ ရာခိုင်နှုန်း၊ စိန်အသန့် တစ်ရတီကို ၄၅ ရာခိုင်နှုန်း မြင့်တက် လာတယ်။ တစ်ပတ်ထက် တစ်ပတ် ဈေးနှုန်းမြင့်တက်လာတာ ဒေါ်လာဈေးကျလို့ ခံသာနေတာ။ စိန်ဈေးဆက်မြင့် တော့ အရောင်းအဝယ် မကောင်းဘူး။ သြင်္ကန်ပြီးနောက်ပိုင်း ဈေးမြင့်ပြီး အရောင်းအဝယ်အေးနေတာ။ ၁ဝ လုံး စီးစိန်သန့် တစ်ရတီကို ဧပြီလလယ်က ၆ သိန်းဝန်းကျင်ရှိတာ၊ ခုတစ်ပတ်မှာ ၇ ဒသမ ၅ သိန်းဈေးရှိနေတယ်'' လို့ ပြောပါတယ်။                      စိန်ဈေးနှုန်းများမှာ ၁ဝ လုံးစီး (ဖြူနာ) အသန့်နီးပါးကောင်းသည့် စိန် တစ်ရတီကို ၅ သိန်းဝန်းကျင်၊ ၂ဝ လုံးစီး (ဖြူနာ) တစ်ရတီကို ၃ သိန်းအထက်၊ ၄ဝ လုံးစီး (ဖြူနာ)တစ်ရတီကို ၂ ဒသမ ၅ သိန်းနဲ့ ၃ သိန်းကြား၊ ရိုးရိုးကျင်ဖြူ ၅ဝ စီးနဲ့ ၆ဝ စီး တစ်ရတီကို ၉ သောင်း နဲ့ ၁ ဒသမ ၂ သိန်းကြား ပစ္စည်းနည်း နည်းသန့်ပါက ၁ ဒသမ ၂ သိန်းနှင့် ၁ ဒသမ ၈ သိန်းကြား၊ ၁ ဒသမ ၈ သိန်းနဲ့ ၂ ဒသမ ၃ သိန်းကြား ဈေးရှိ၍ စိန် အသန့် ၁ဝလုံးစီး ၇ ဒသမ ၂ သိန်းဝန်း ကျင်ရှိကြောင်း သိရပါတယ်။ ဇူးဇူး