Main menu

Background

အမိုးနီးယမ်နိုက်တြိတ်ကို တရုတ်မှ တင်သွင်း

Fri, 05/20/2011 - 06:06 -- Anonymous (not verified)

အမိုးနီးယမ်နိုက်တြိတ်ကို တရုတ်မှ တင်သွင်း                  မေ ၁ ရက်မှ ၇ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် တစ်ထောင့်နှစ်ရာကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံမှ ကောမတ် ဓာတ်မြေသြဇာ တန်ချိန် ၄ဝဝ နဲ့ တရုတ်နိုင်ငံမှ အမိုးနီးယမ်နိုက်တြိတ်အပါအဝင် ဓာတ်မြေသြဇာတန်ချိန် ရှစ်ရာ့နှစ်ဆယ်ကျော်တို့ ရေကြောင်းလမ်းကနေ မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတန်ချိန်မှာ တစ်ထောင်ကျော် တင်သွင်းခဲ့ပြီး ယခုသီတင်းပတ် ဓာတ်မြေသြဇာအဝင်တန်ချိန်မှာ တစ်ထောင့်နှစ်ရာ ကျော်ရှိခဲ့တဲ့အတွက် ဒီတစ်ပတ်မှာ အဝင်နည်းနည်းပိုခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)