ဓာတ်မြေသြဇာတန် ၂၂၇ဝဝ ကျော်နယ်စပ်မှ တင်သွင်း မေ ၄ရက်မှ ၁ဝရက်ထိကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ တာချီလိတ်နဲ့ တမူးနယ်စပ်များမှ ကန်ဒေါ်လာ ၄ ဒသမ ၅၂၃ သန်းဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၂၇၄၁ တန် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေ ကတော့ တန် ၂၂၁၈၄ တန်၊ ချင်းရွှေဟော်မှ တန် ၁၅ဝ၊ တာချီလိတ်မှ တန် ၂ဝ ကျော်၊ ကော့သောင်းမှ ၄၅ တန်နဲ့ ရိဒ်မှ ၃၄၁ တန်ကျော် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၂၅ဝဝ နီးပါး တင်သွင်းမှုပိုမိုခဲ့ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယားကွန်ပေါင်း၊ အမိုနီယမ်နိုက်ထရိတ်၊ နိုက်ထရိတ်ဖော့စဖိတ်နဲ့ စင်ဂဲလ် စူပါဖော့စဖိတ်တို့ဖြစ်ပြီး ချင်းရွှေဟော်နဲ့ ကော့သောင်းမှ ကွန်ပေါင်း၊ တာချီလိတ်မှ အမိုနီယမ်နိုက်ထရိတ်၊ ရိဒ်မှ ပိုတက်ရှ်၊ ယူရီးယားတို့ တင်သွင်းနေတာဖြစ်ပါတယ်။ ယခုနှစ် ဧပြီလမှ ဓာတ်မြေသြဇာတန် ၆၆၂၇ဝ ကျော်တင်သွင်းခဲ့ပြီး ယမန်နှစ် ဧပြီလမှာ ၅၈၈ဝဝ ကျော် တင်သွင်းခဲ့တဲ့အတွက် ယခုနှစ် ဧပြီလမှာ တန် ၇၅ဝဝ နီးပါး ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT )
Background