နို့ဆီ တန် ၄ဝဝ နီးပါး တင်သွင်း ယခုသီတင်းပတ်ဖြစ်တဲ့ မေ ၁ရက် မှ ၇ ရက်တာကာလအတွင်း နို့ဆီတန် ချိန် ၃၈၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနှစ်သောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်းလမ်းက တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူ နိုင်ငံဖြစ်ပြီး အိုကေတံဆိပ်နဲ့ အခြား တံဆိပ်များကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် အဝင်တန်ချိန် ငါးရာကျော်ရှိခဲ့တာကြောင့်ယခုသီတင်းပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် အနည်း ငယ် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်အဝင်ကတော့ ယူကေနိုင်ငံ က လေးတန်ကျော်နဲ့ နယူးဇီလန်နိုင်ငံ ဘက်မှ ၁၄၉ တန် မှာယူတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်း မှုမှာ ၄၂ တန်ကျော် တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်း ပတ်ထက် အဝင်သုံးဆလောက် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) ကော့သောင်းနဲ့ မူဆယ်ကနို့ဆီနဲ့ နို့မှုန့်ဝင် ယခုအပတ်မှာ ကော့သောင်းနယ် စပ်မှ ကန်ဒေါ်လာ ၄၈ဝဝဝ တန်ဖိုးရှိ နို့ဆီ ၃ဝဝဝ ဖာ(၅၆ ဒသမ ၈၈ တန်)နဲ့ ကန်ဒေါ်လာ ၂၇၂ဝဝ တန်ဖိုးရှိ နို့စိမ်း ၁၆ဝဝ ဖာ(၃ဝ ဒသမ ၃၄ တန်) တင်သွင်းမှု ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့ဆီတင်သွင်းမှု ဖာ ၂ဝဝဝ ပိုမိုခဲ့သော်လည်း နို့စိမ်းတင်သွင်းမှု ဖာ၄၁ဝဝ လျော့နည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ လိပ်ပြာတံဆိပ် နို့မှုန့် ၁၃ တန်၊ ကန်ဒေါ်လာ ၃၇ဝ၁၃ ဖိုးတင်သွင်းမှုရှိခဲ့ပြီး ယခင်အပတ်က ထက် ၅၉ တန် တင်သွင်းမှု လျော့နည်း ခဲ့ပါတယ်။ MIRT(DOBT)ပြည်တွင်း နို့ဆီလက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow (အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
Background