Main menu

Background

ဝယ်လိုအားတက်မဲ့ အလားအလာကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး အမြင့်နဲ့ပိတ်

Fri, 05/20/2011 - 06:34 -- Anonymous (not verified)

 ဝယ်လိုအားတက်မဲ့ အလားအလာကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး အမြင့်နဲ့ပိတ်                         စားအုန်းဆီဝယ်လိုအားတက်မယ့် အလားအလာနဲ့ ပဲပုပ်ဆီကြိုပွိုင့်ဈေး မြင့်တက်မှုတို့ကြောင့် မေလ ၁ဝ ရက်နေ့ မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးမြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇူလိုင်အခြေခံစာချုပ်ဈေး ဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၂၅၈ (ကန်ဒေါ်လာ ၁ဝ၈၅) နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဇူလိုင်ပဲပုပ်ဆီဈေးကလည်း ဝ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ပေါင်ကို ၅၆ ဒသမ ၆၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၄၈) ဈေးနဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိစားအုန်းဆီဈေးနှုန်း အခြေအနေကောင်းမွန်နေပြီး လာမယ့် သီတင်း ပတ်များမှာ အရှေ့အလယ်ပိုင်း ဒေသက ဝယ်လိုအားမြင့်တက်ဖွယ်ရှိတယ်လို့ အီဂျစ် အခြေစိုက် ဟင်းသီးဟင်းရွက်ထုတ်လုပ်တဲ့ ကုမ္ပဏီမှ ကုန်သွယ်ရေးအမှု ဆောင်တစ်ဦးက ဆိုပါတယ်။ မလေးရှား စားအုန်းဆီဘုတ်မှ ပြောကြားချက်အရ ဧပြီလ စားအုန်းဆီထုတ်လုပ်မှုဟာ တန်ချိန် ၁ ဒသမ ၅၃ သန်းကို ယခင်လထက် ၈ ရာခိုင်နှုန်း မြင့်တက်ပြီး တင်ပို့မှုမှာလည်း ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၁ ဒသမ ၃၃ သန်းရောက်ရှိခဲ့တယ်လို့ သိရပါတယ်။                     ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek Agri Services ရဲ့ ခန့်မှန်းချက်အရ မေလ ၁ ရက်မှ ၁ဝ ရက်အတွင်း တန်ချိန် ၃၂၃၆၅၅ တန်တင်ပို့နိုင်မှာဖြစ်လို့ ယခင်လ ပထမ ၁ဝ ရက်ကထက် ၁၇ ရာခိုင်နှုန်း တိုးတက်မယ်လို့ ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ မေလအတွင်း စားအုန်းဆီခဲဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝ၇ ဒသမ ၅ဝ နဲ့ ဇွန်လစာချုပ်ဈေးက ကန်ဒေါ်လာ ၁၁၉၅ ဖြစ်တယ်လို့ သိရပါတယ်။                   ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ သင်္ဘောတင်ရမယ့် မလေးရှား FOB  ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၁၄ဝ ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန်ကို ရင်းဂစ် ၃၃၈ဝ (ကန်ဒေါ်လာ ၁၁၂၆) နဲ့ ရောင်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com