Main menu

Background

နယ်စပ်မှ နှမ်းတန်ချိန် ၃ဝဝ ကျော်ယခုအပတ်အပို့ရှိ

Fri, 05/20/2011 - 06:34 -- Anonymous (not verified)

နယ်စပ်မှ နှမ်းတန်ချိန် ၃ဝဝ ကျော်ယခုအပတ်အပို့ရှိ                   မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၄၈၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံတန် ၃၂၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ် နယ်စပ်ပေါက်တစ်ခုတည်းမှ တန် ၂၁ဝ နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ နှမ်းတန်ချိန် ၁၁၈ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် နှမ်းရောင်စုံ တင်ပို့နိုင်မှုများကတော့ မူဆယ်မှ နှမ်းနက် တန် ၂၅ဝ၊ နှမ်းဖြူအခွံချွတ် ၂၈ တန်နဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ တန် ၅ဝ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ တင်ပို့တဲ့ နှမ်းတွေက စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးထွက်များဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ တင်ပို့တဲ့ နှမ်းတွေက မကွေးနဲ့မန္တလေးတိုင်းဒေသကြီးထွက်များဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နှမ်းဈေးများမှာ နှမ်းဖြူ မိမိဘက် ဈေးအနည်းငယ်ကျသော်လည်း တစ်ဖက်နိုင်ငံ ဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                   မိမိဘက်(ကျပ်/တန်)                            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု             ယခင်     ပြောင်းလဲမှု   %          ယခု        ယခင်   ပြောင်းလဲမှု         %နှမ်းဖြူ           ၁၁၈၅၈၂ဝ    ၁၁၉၁၂၈ဝ     ၅၄၆ဝ     ဝ .၅        ၁၃၇ဝ      ၁၃၆၉       ၁               ဝ .ဝ၇နှမ်းနက်         ၁၃၆၇၅၆ဝ     ၁၃၆၇၅၆ဝ       -                      ၁၈၄၈     ၁၅၃၉       ၃ဝ၉              ၁၇MIRT (DOBT)