Main menu

Background

ဈေးငြိမ်ပြီး ပုံမှန် အရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ

Fri, 05/20/2011 - 06:50 -- Anonymous (not verified)

ဈေးငြိမ်ပြီး ပုံမှန် အရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ                ပြည်ဈေးကွက်တွင် မြေပဲဆံကို ဆီစက်သမားများမှ ဆီကြိတ်ရန် အဝယ်ရှိ နေသဖြင့် မင်းတုံးနဲ့ ကံမဘက်မှ တစ်နေ့ကို အိတ် ၉ဝဝ -၁ဝဝဝ ခန့် ပုံမှန်ဝယ်ယူ ကြိတ်ခွဲခြင်း၊ လှောင်မြေပဲဆံများကို ထုတ်၍ ကြိတ်ခွဲခြင်းတို့ကြောင့် မြေပဲဆံဈေးမှာ ယခင် အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ မြေပဲဆီဆံ တစ်ပိဿာကို ၁၇၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၉၅ဝ ကျပ်ဈေးဖြင့် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီ တစ်ပိဿာကို ၄ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                ဝေဝေမင်း