Main menu

Background

တရုတ်နိုင်ငံမှာ သိုလှောင်လက်ကျန်များခြင်းကြောင့် ပဲပုပ် အမှာအော်ဒါများ ဖျက်သိမ်းခဲ့ပြီး တင်သွင်းမှုကိုလျှော့ချ

Fri, 05/20/2011 - 06:53 -- Anonymous (not verified)

တရုတ်နိုင်ငံမှာ သိုလှောင်လက်ကျန်များခြင်းကြောင့် ပဲပုပ် အမှာအော်ဒါများ ဖျက်သိမ်းခဲ့ပြီး တင်သွင်းမှုကိုလျှော့ချ                      ကမ္ဘာ့ပဲပုပ်အများဆုံး ဝယ်ယူ တင်သွင်းနေတဲ့ တရုတ်နိုင်ငံဟာ လက်ကျန် သိုလှောင်မှုမြင့်တက်ပြီး ကြိတ်ခွဲဖို့ အတွက် ဝယ်လိုအားနည်းတာကြောင့် ချက်ချင်းသင်္ဘောတင်ဝယ်ယူထားတာတွေကို လျှော့ချမှုတွေရှိလာလို့ ပဲပုပ်တင်သွင်း မှုဟာ တတိယလအနေနဲ့ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဧပြီလအတွင်း တင်သွင်းမှုတန်ချိန် ၃ ဒသမ ၈၈ သန်း ရှိလို့ ယခင်နှစ် တင်သွင်းခဲ့တဲ့ တန်ချိန် ၄ ဒသမ ၂သန်းထက် ၇ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ အကောက် ခွန်စာရင်းများအရ သိရပါတယ်။ အဲဒီပမာဏဟာ မျှော်မှန်းထား တာထက် လျော့ကျခဲ့တယ်လို့ ွှWanda Futures ကုမ္ပဏီမှ လေ့လာ ဆန်းစစ် ပညာရှင်Wang Wenfi  က ပြောကြားပါတယ်။ ကြိတ်ခွဲစက် လုပ်ငန်း ရှင်များဟာ ဆုံးရှုံးမှုများလာခြင်းနဲ့ တိရစ္ဆာန်အစာနဲ့ ပဲသိုလှောင်မှု များတာကြောင့် အမေရိကန်နဲ့ တောင် အမေရိကားက တင်ပို့မယ့်ကုန် အော်ဒါများကို ဖျက်သိမ်းခဲ့တယ်လို့ လည်း ၎င်းကဆက်လက် ပြောကြားပါ တယ်။                    ကြိတ်ခွဲရာမှာ ဆုံးရှုံးမှု များနေတာ ကို လျှော့ချဖို့ လွန်ခဲ့တဲ့လက တရုတ် ပဲပုပ်ကြိတ်ခွဲသူများဟာ ပဲပုပ်သင်္ဘော ၁ဝ စီးကျော် အမှာဖျက်သိမ်းခဲ့တယ်လို့ ဧပြီလ ၁၉ ရက်မှာပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ပဲပုပ်တင်ပို့မှုရဲ့ ၆ဝ ရာခိုင်နှုန်း နီးပါးဝယ်ယူနေတဲ့ တရုတ်နိုင်ငံမှ ဝယ်လိုအားနှေးကွေးလာခြင်းက ယခု နှစ် ကုန်စည်တွေရဲ့ ဈေးနှုန်း ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။                   ယခင်နှစ်ကုန်ပိုင်းကတည်းက တရုတ် နိုင်ငံတစ်ဝန်းရှိ ဆိပ်ကမ်းများမှာ ပဲပုပ် တန်ချိန် ၆ ဒသမ ၅ သန်းမှ ၇ သန်း အတွင်းရှိနေလို့ ယခင်နှစ်က ပျမ်းမျှ တန်ချိန် ၄ ဒသမ ၅ သန်းထက် ပိုမိုနေတယ်လို့Wang  က ဆိုပါတယ်။ အစိုးရကလည်းအရန်သိုလှောင်ထားတဲ့ ၂ဝဝ၈ ခုနှစ်ထွက်ပဲပုပ်တန်ချိန် ၃ သန်း ကို စားဆီဈေးနှုန်းလျှော့ချဖို့ ကြိတ်ခွဲ လုပ်ငန်း ရှင်ကြီးတွေကို ရောင်းချပေး ခဲ့ပါတယ်။ အဲဒီလို ရောင်းချပေးခြင်း ကလည်း ပဲပုပ်တင်သွင်းဖို့ လိုအပ်ချက် ကို ထပ်မံကျဆင်းစေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း ပဲပုပ်တန်ချိန် ၅၇ သန်းခန့် တင်သွင်းခဲ့တယ်လို့USDA က ခန့်မှန်းထားပါတယ်။ အဲဒီပမာဏ ဟာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်း ကျော် ပိုမိုခဲ့ပေမဲ့ ယခုနှစ်မှာတော့ တန် ချိန် ၅၁ သန်းခန့်ကို ကျဆင်းဖွယ်ရှိ တယ်လို့ လေ့လာဆန်းစစ်သူMonica Tu  က ပြောကြားပါတယ်။ ယမင်းခင် Source: Bloomberg