Main menu

Background

ဒေသထွက်ကုန် ရွှေဖရုံ

Fri, 05/20/2011 - 07:18 -- Anonymous (not verified)

ဒေသထွက်ကုန် ရွှေဖရုံ               ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အင်အား တစ်ခုဖြစ်တဲ့ ရွှေဖရုံသီးတင်ပို့မှုကတော့ အံသြစရာ လို့ဆိုနိုင်ပါတယ်။ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ကွမ်းလုံမြို့နယ်နှင့် ချင်းရွှေဟော်မြို့နယ်ခွဲကြားရှိ  နမ့်တိန် ချောင်းနံဘေးကားလမ်းမပေါ်မှာတည်ရှိတဲ့ သာယာ လှပသော စခန်း တစ်ခုဖြစ်ပါတယ်။ ကွမ်းလုံမြို့နယ်ရှိ ကောင်းခါး၊ ကုန်းညောင်၊ ကောင်းကဲျ၊ နမ့်ဟူးစသော ရွာများမှာ ရွှေဖရုံသီး အထွက်များသော ရွာများဖြစ်ပြီး ဟိုပန်မြို့နယ်မှ မန့်မိုင်၊ နမ့်လံျှ၊ ဟေးနား၊ မော်ဟွေ့၊ နောင်ဟီး၊ မိန်ပန်းစသည့်ရွာများဟာလည်း ရွှေဖရုံသီး ထွက်အား အကောင်းဆုံးရွာများဖြစ်ပါတယ်။ နေ့စဉ် နံနက် (ဝ၄းဝဝ) နာရီ (ဝ၅းဝဝ) အချိန် ၎င်းရွာများက ကုမ္ပဏီသို့ လာရောက် ပေးပို့နေသော ရွှေဖရုံသီးကားတန်း ကြီးမှာ တာဝန်သိ၊ လယ်သမား၊ ကိုင်းသမားတို့ရဲ့ နိုင်ငံတော် အခွန်ဘဏ္ဍာတိုးပွားမှု အတွက် အားရကျေနပ်ဖွယ် ကောင်းသော မြင်ကွင်းတစ်ရပ် ဖြစ်ပါတယ်။ ယခင်နှစ်က ရွှေဖရုံသီးတင်ပို့မှုမှာ တန် ၄ဝဝ ဖြစ်ပြီး၊ ယခု နှစ်ဦးပိုင်းပထမလမှာ တင်ပို့မှုက တန် ၂၅ဝ ရှိတဲ့အတွက် ယခင်နှစ် တစ်နှစ်လုံးတင်ပို့မှုအပေါ် ရာခိုင်နှုန်း ၆ဝ ကျော် ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ ရွှေဖရုံသီး  တင်ပို့မှုတိုးတက်လာခြင်းဟာ ဒေသထွက် တင်ပို့မှု အား ကောင်းလာတဲ့ လက္ခဏာဖြစ်ပါတယ်။ ဆိုင်ဆိုင်