Main menu

Background

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု

Fri, 05/20/2011 - 07:21 -- Anonymous (not verified)

နယ်စပ်မှ သစ်သီးဝလံကုန်သွယ်မှု                  ယခုအချိန်ဟာ သရက်သီး ရာသီချိန်ဖြစ်တာနဲ့အညီ မူဆယ်နယ်စပ်မှသာမက မောင်တော နယ်စပ်မှလည်း တစ်ဘက်အိမ်နီးချင်းနိုင်ငံများသို့ သရက်သီးများတင်ပို့လျက် ရှိပါတယ်။ မေလ ၄ ၇က်မှ ၁ဝ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ဝ ဒသမ ၆၈၃ သန်း တန်ဖိုးရှိ စိန်တစ်လုံးသရက် ၁၂၇၄ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ ရွှေဟင်္သာသရက်တန် ၁ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောနယ်စပ်မှ ဒေသထွက်သရက်သီးအကြမ်း ၂၁ တန်၊တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ဝဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ သရက်သီးအပြင် သရက်ပြား ခြောက်လည်း တန် ၂ဝဝ ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင် အပတ်က မူဆယ်မှ သရက်သီးတင်ပို့မှုထက် ယခုအပတ်မှာ တန် ၁၄၁ နီးပါး တင်ပို့မှု လျော့နည်းခဲ့သော်လည်း မောင်တောနယ်စပ်မှ ယခုအပတ်မှာ ၁၆ တန် ယခင်အပတ်က ထက် ပိုတင်ပို့နိုင်ခဲ့ပါ တယ်။ မူဆယ်နယ်စပ်မှာ သရက်သီးများကို ၁၅ ကီလိုပါ ဂျပ်ဘူးများနဲ့ တင်ပို့နေတာဖြစ်ပြီး ၁ ဖာကို ယွမ် ၆ဝ မှ ၇ဝ ဈေးပေါက်လျက်ရှိပြီး အရိုင်းသီး ၁ ဖာကို ၁၅ ယွမ်ဈေးပေါက်လျက်ရှိတယ်လို့သိရပါတယ်။ တန်ချိန်ဈေးကတော့ တစ်တန်ကို ၅၅၇၅၁ဝ ကျပ်ဝန်းကျင် ဈေးပေါက်လျက်ရှိပါတယ်။ ဖရဲသီးရာသီချိန် မဟုတ်တော့ပေမဲ့ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၅၉၈ သန်း တန်ဖိုးရှိ ဖရဲသီးတန် ၃၈၆ဝ မူဆယ်နယ်စပ်မှ တင်ပို့နိုင် ခဲ့ပါ တယ်။                  မိမိဘက်က သစ်သီးဝလံတင်ပို့မှု ရှိသလို တစ်ဖက် နိုင်ငံမှ လည်း ကန်ဒေါ်လာ ၃၂ဝဝဝ တန်ဖိုးရှိ ပန်းသီးတန် ၁ဝဝ ကိုတရုတ်နယ်စပ်မှ ယခုအပတ်မှ တင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT )