ကမ္ဘာ့ဂံျုအထွက်နှုန်း တန် ၆၇၆ သန်းရှိမည်ခန့်မှန်း ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်း (FAO)က ၂ဝ၁၁ မှာ ကမ္ဘာ့ဂုံျထုတ်လုပ်မှု တန်ချိန် ၆၇၆ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ခန့်မှန်းချက်အရ ၂ဝ၁ဝ ထုတ်လုပ်မှုထက် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် ခဲ့ပြီး ၂ဝဝ၈-၂ဝဝ၉ ရိတ်သိမ်းမှုထက်လည်း သိသိသာသာ ပိုမိုခဲ့ပါတယ်။ ၂ဝ၁ဝ မှာ မိုးခေါင်မှုကြောင့် ဂံျုစိုက်ပျိုးမှုထိခိုက်ပြီး ဈေးနှုန်းတက်တာကို ကာမိဖို့အတွက် နိုင်ငံတော်တော်များများမှာ ဂံျုကို တိုးခဲျ့စိုက်ပျိုးနေကြောင်း ရုရှား/ဖက်ဒရေးရှင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း တွေ့ရပါတယ်။ FAO ရဲ့ ပြီးခဲ့တဲ့နှစ်အစီရင်ခံစာမှာ ဖော်ပြထားတာကတော့ အစားအစာလိုအပ်တဲ့နိုင်ငံများ(LIFDCS) ရဲ့ ၂ဝ၁ဝ အထွက်နှုန်း ၅ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့တဲ့အတွက် ၂ဝ၁ဝ-၂ဝ၁၁ ဈေးကွက်နှစ်မှာ ကောက်ပဲ သီးနံှတင်သွင်းမှုလျော့ကျ ခဲ့ကြောင်း သိရပါတယ်။ တောင်အာဖရိကမှာ ၂ဝ၁၁ ပြောင်းအထွက်နှုန်းကောင်းပြီး ဈေးလဲကျတာကြောင့် အစား အစာလောက်ငှ တည်ငြိမ်မှုရှိတာတွေ့ရပါတယ်။ မာလာဝီနဲ့ ဇန်ဘီယာတို့မှာတော့ မှန်းထားတာထက် ပိုမိုထွက်ရှိခဲ့ပါတယ်။ ဒါပေမဲ့တောင်အာဖရိကရဲ့ ပြောင်းထုတ်လုပ်မှုအများဆုံးဒေသမှာ သိုလှောင်မှုများတာကြောင့် စိုက်ပျိုး မှုကို လျှော့ချလိုက်တဲ့အတွက် အထွက်နှုန်းကျခဲ့ကြောင်း သိရပါတယ်။ တောင်အမေရိကမှာတော့ လာနီညာ ရာသီဥတုဖြစ်စဉ် ကြောင့် ပုံမှန်မဟုတ်တဲ့ ခြောက်သွေ့တဲ့ ရာသီဒဏ်ကိုခံစားရပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးမှာ ပြောင်းအခြေအနေ မကောင်းခဲ့ ကြောင်း သိရပါတယ်။ ဘရာဇီးလ်မှာတော့ မိုးရွာသွန်းမှုရှိတာကြောင့် မြေအစိုဓာတ်ရရှိပြီး သီးနံှဖြစ်ထွန်းမယ့် အလားအလာ ကောင်းတွေ တွေ့နေရကြောင်း သိရပါတယ်။ ဒါပေမဲ့ ယခုလက်ရှိကာလမှာတော့ နိုင်ငံပေါင်း ၂၉ နိုင်ငံမှာ အစားအစာအထောက်အပံ့တွေ လိုအပ်လျက်ရှိကြောင်း အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။ ၎င်းနိုင်ငံများကတော့ အာဖရိကနိုင်ငံ ၂၁ နိုင်ငံ၊ ကိုရီးယားအပါအဝင် အာရှနိုင်ငံ ၇ နိုင်ငံတို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။ Source:commodityonline,KZW
Background