Main menu

Background

အီးယူက ဗီယက်နမ်ငါးကို ပိုမိုတင်သွင်းလို

Fri, 05/20/2011 - 08:12 -- Anonymous (not verified)

အီးယူက ဗီယက်နမ်ငါးကို ပိုမိုတင်သွင်းလို             ဘယ်လဂျီယံရှိ ဥရောပပင်လယ်စာရောင်းချမှု လုပ်ငန်းများမှ ၎င်းတို့အနေနဲ့ နွေရာသီမှာ ဗီယက်နမ်က ငါးမြင်းအုပ်စု ဝင် Tra ငါးကိုပိုမိုတင်သွင်းလိုတယ်လို့ အခိုင်အမာ ပြောကြားခဲ့ကြောင်း ဗီယက်နမ် ပင်လယ်ထွက်ကုန် တင်ပို့သူများနဲ့ ပြုပြင်ထုတ် လုပ်သူများအသင်း (VASEP )မှ ပြောကြားပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဘရာဇီးကလည်း ဗီယက်နမ်  Tra ငါးကို ဆက်လက် တင်သွင်းသွားမယ်လို့ ဆိုပါတယ်။ VASEP ဟာ ၂ဝ၁၁ ခုနှစ် တတိယ ၃ လပတ် အတွင်းမှာ ပြည်ပတင်ပို့ဈေးကို တစ်ကီလို ကန်ဒေါ်လာ ဝ ဒသမ ၂- ဝ ဒသမ ၃ တိုးမြှင့်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ အမေရိကန်ဈေးကွက်ကို တစ်ကီလို ဒေါ်လာ ၄ ဒသမ ၂ မှ ၄ ဒသမ ၅ ကိုလည်းကောင်း၊ ဥရောပဈေးကွက်တွေကို ကန်ဒေါ်လာ ၃ ဒသမ ၄ မှ ဒေါ်လာ ၃ ဒသမ ၆ ကိုလည်းကောင်း တိုးမြှင့်သတ်မှတ်သွားမယ်လို့ ဆိုပါ တယ်။             ဒါပေမဲ့လည်း ငါးမွေးမြူသူတွေက အတိုးနှုန်းမြင့်ပြီး သွင်းအားစု ကုန်ကျစရိတ်မြင့်တဲ့အပြင် ချေးငွေရရှိဖို့ ခဲယဉ်း တာကြောင့် ထုတ်လုပ်မှုတိုးမြင့်ရဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ လတ်တလော စီးပွားရေးလုပ်ငန်းရှင်တွေက ငါးတစ်ကီလိုကို ဒေါင်၂၈ဝဝဝ (ကန်ဒေါ်လာ ၁ ဒသမ ၃၆) နဲ့ ဝယ်ယူနေတယ် လို့ သိရပါတယ်။ ယမင်းခင်၊Source: VOV