Main menu

Background

ဂျပန်၏ရေထွက်ကုန်ဝယ်ယူမှုက လိုသလောက်သာ ဝယ်ယူမှုရှိလာ

Fri, 05/20/2011 - 08:17 -- Anonymous (not verified)

ဂျပန်၏ရေထွက်ကုန်ဝယ်ယူမှုက လိုသလောက်သာ ဝယ်ယူမှုရှိလာ                  ဂျပန်နိုင်ငံ၏ရေထွက်ကုန် ဝယ်ယူမှု မှာ ကုန်ပစ္စည်းများကို သိုလှောင်ထားရှိ မှုမိုျးမရှိတော့ဘဲ လိုသလောက်သာ ဝယ်ယူမှုရှိလာကြောင်း ရေထွက်ကုန် ပစ္စည်း တင်ပို့သူများထံက သိရသည်။ ''ဂျပန်ရဲ့ ရေထွက်ကုန်ဝယ်ယူမှုက အရင်က လက်ထဲမှာကိုင်ထားဖို့၊ သိုလှောင်ထားဖို့ အကွက်တွေကိုပါဝယ်ယူမှုရှိခဲ့ပါတယ်။ မတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပျက်စီး ဆုံးရှုံးမှုတွေများခဲ့ပြီး ကိစ္စတော်တော် များများမှာ အပိုအလိုရှိအောင် စနစ် တကျ လုပ်ဆောင်လာတာ တွေ့ရပါ တယ်။ အရင်က လုပ်ငန်းရှင်တွေ စုပြီး စားသောက်ဆိုင်ကောင်း ကောင်း၊ ဟိုတယ်တွေမှာ အစည်းအဝေး သဘောမျိုးလေးတွေကို အစား အသောက်တွေ စားသောက်ရင်း လုပ်တဲ့ဓလေ့ရှိတယ်။ မတ်လ အတွင်း ဖြစ်ခဲ့တဲ့ငလျင်နောက်ပိုင်း အချိန်ဖြုန်း တယ်၊ အပိုကိစ္စလို့ ထင်တာမျိုးတွေ သိပ်မလုပ်ကြတော့ဘူးလို့ ဂျပန်က ရေထွက်ကုန်ဝယ်ယူသူတွေရဲ့ ပြောပြ ချက်အရ သိရတယ်။ ဒါကြောင့် ဟိုတယ်သုံး အရွယ်အစားဆိုဒ်ကြီး ပုစွန်တွေ၊ ဈေးမြင့်မြင့်ပေးရတဲ့ ငါးတွေ အဝယ်ပါးသွားတယ်။ ဈေးအလယ် အလတ်တွေကို တိုးမှာလာတာတွေ့ရတယ်''ဟု ရေထွက်ကုန်များကို ဂျပန် နိုင်ငံသို့ လစဉ် ကွန်တိန်နာ ၁ဝ လုံးခန့် တင်ပို့နေသူ လုပ်ငန်းရှင်ဦးထွန်း အေးက ပြောပြသည်။ KMT