Main menu

Background

ငါးမြစ်ချင်းကို အရှေ့အလယ်ပိုင်းက ဝယ်ယူမှုမှာ ဈေးကွက်အရသာ ဝယ်အားရှိခြင်းဖြစ်

Fri, 05/20/2011 - 08:23 -- Anonymous (not verified)

ငါးမြစ်ချင်းကို အရှေ့အလယ်ပိုင်းက ဝယ်ယူမှုမှာ ဈေးကွက်အရသာ ဝယ်အားရှိခြင်းဖြစ်                      ငါးမြစ်ချင်းကို အရှေ့အလယ်ပိုင်းဒေသများက ဝယ်ယူမှုများရှိနေခြင်းကြောင့် တင်ပို့ရောင်းချနေရသော်လည်း ဈေးကွက်အရသာ ဝယ်အားရှိခြင်းဖြစ်ကြောင်း ရေထွက်ကုန် ပစ္စည်းတင်ပို့သူများထံက သိရသည်။ ''ငါးမြစ်ချင်းက လိုသလောက် တင်ပို့နိုင်တဲ့အနေအထားရှိ နေပါတယ်။ အခု အရှေ့အလယ်ပိုင်းက စဝယ်တာတွေ့ရပေ မယ့် အင်နဲ့အားနဲ့မရှိသေးပါဘူး။ ဈေးကွက်အရသာ ဝယ်အား ရှိတဲ့ သဘောမိုျးဖြစ်တော့ ဈေးနှုန်းကို ဆွဲခေါ်လို့မရသေး ပါဘူး။ အရှေ့အလယ်ပိုင်းဒေသတွေကို တင်ပို့ ရောင်းချမယ် ဆိုရင်Rules & Regulation တွေ သတ်မှတ်ထားတာဟာ ၂ဝ၁၁ ခုနှစ်၊ မေလ ၁ ရက်က စတင်မယ်လို့ သိရပါ တယ်။                      အဓိကကတော့Food Safety ဆိုင်ရာ သတ်မှတ်ချက် တွေလို့ သိရပါတယ်''ဟု လှိုင်သာယာ စက်မှုဇုန်အခြေစိုက် ငါးမြစ်ချင်းများမွေးမြူတင်ပို့နေသူတစ်ဦးက ပြောပြသည်။ မြန်မာနိုင်ငံတွင် ငါးမွေးမြူ ရေးဧက နှစ်သိန်းတစ်ထောင် ကျော်တွင် ငါးမြစ်ချင်းများကို ၈ဝ ရာခိုင်နှုန်း မွေးမြူခဲ့ကြပြီး၊ယခုနှစ်တွင် ငါးမြစ်ချင်းကို လျော့ချ၍ အခြားပြည်ပဈေးကွက် ရှိ ငါး၊ ပုစွန်များဖြစ်သော ငါးတန်၊ ပုစွန်နှင့် ကကတစ်ငါး များကို ပိုမိုမွေးမြူလာကြောင်း သိရသည်။ SN