Main menu

Background

ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၃၁ သန်းကျော်ရရှိ

Fri, 05/20/2011 - 08:31 -- Anonymous (not verified)

ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၃၁ သန်းကျော်ရရှိ               ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်၏ ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၃၁ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန FIQC  ဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ''ဧပြီလ ၁ ရက်ကနေ ၃ဝ ရက်နေ့အထိ ပုံမှန်ကုန်သွယ်ရေးကနေ ဒေါ်လာ ၁၇.၆၉ဝ သန်း၊ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ဒေါ်လာ ၃ ဒသမ ၃၃၃ သန်း၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဒေါ်လာ ၂ ဒသမ ဝ၁၂ သန်း၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ ၆၉၇ သန်း၊ မြိတ်နဲ့မောင်တောနယ်စပ်ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ၁၄၈ သန်း၊ ကဏန်းတင်ပို့မှုကနေ ဒေါ်လာ ၂ ဒသမ ၆၂၂ သန်း၊ ငါးရှဉ့် တင်ပို့မှုကနေ ဒေါ်လာ ၁ ဒသမ ၁၅၉ သန်း၊ ရေချိုငါးတင်ပို့မှုကနေ ဒေါ်လာ ၇ ဒသမ ၇ဝ၁ သန်းစသည်ဖြင့် ရေထွက်ကုန်တင်ပို့မှုကနေ ဒေါ်လာ ၃၁ ဒသမ ၄၅၄ သန်းရရှိခဲ့ပါတယ်''ဟု ယင်းဌာနက တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ အဆိုပါရေထွက်ကုန်တင်ပို့မှု ဝင်ငွေများထဲတွင် အလှမွေးငါး တင်ပို့မှုက ရရှိသည့်ဝင်ငွေများ ပါဝင်ကြောင်း သိရသည်။ KMT