ချင်းစိုက်ချိန် ချင်းပြန်ဖော်လို့ ရှမ်းချင်း ဈေးအေး ဒီတစ်ပတ် ချင်းစို ဈေးအနည်းငယ်ပြန်ကျနေပါတယ်။ ပြန်စိုက်ချိန်ရောက်လာတာကြောင့် တောင်သူတွေက လည်း ချင်းတွေ ပြန်ဖော်လာကြပြီး၊ ချင်းအဝင်များလာလို့ ဈေးကလည်း ပြန်ကျလာတာဖြစ်တယ်လို့ သိရပါတယ်။ ပြည် တွင်း အသုံးပြုဖို့အတွက် ရန်ကုန်၊ မန္တလေးမြို့တွေက အဝယ်များနေပါတယ်။ ဒီတစ်ပတ် ချင်းစိုက တစ်ပိဿာ ၄ဝဝ ကျပ် မှ ၉ဝဝ ကျပ်ဈေး သာရှိပါတယ်။ ချင်းခြောက်တွေလည်း လှောင်လက်တွေမှာ အတော်များများ ကျန်နေသေးတယ်လို့ လည်း သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းခြောက်ဈေးက တစ်ပိဿာ ၂၁ဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ဈေးရှိပြီး တောင်ကြီး ဈေးကွက်မှာ တစ်ပိဿာ၂၄ဝဝ ကျပ် ဈေးရှိပါတယ်။ ရန်ကုန်၊ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း ချင်းပိဿာချိန်ပေါင်း ၅ ဒသမ ၄ သိန်း စီးဆင်းသွား တယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။ ဧဧခိုင်
Background