ပြည်ချင်းဈေးကျပေမဲ့ အရောင်း အဝယ်အေး ပြည်ချင်းဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပိဿာ ချိန် ၃ဝ ဝင်အိတ် ၂ဝဝ ခန့်နဲ့ အဝင်လှိုင် လာပါတယ်။ ပွဲရုံလုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ပစ္စည်းများကို ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်ချပြီး အရောင်းအဝယ်လုပ်လျက်ရှိနေပါတယ်။ ဈေးကျပေမဲ့ အဝယ်မလိုက်ဘဲ ချင်း (ရှယ်) တစ် ပိဿာကို ၁၈ဝဝ ကျပ်၊ (ဂျွန်) တစ်ပိဿာကို ၁၇ဝဝ ကျပ် တို့နဲ့ တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်သာရှိ၍ အရောင်း အဝယ်များအေးနေပါတယ်။ ဧရာဝတီနှင့် ရန်ကုန်ဘက် သို့လည်း ယခုတစ်ပတ်အတွင်း စားသုံးမှုအဖြစ် ဈေးကွက် မှတစ်ဆင့် တစ်နေ့ကို ယခင်အပတ်ကထက် ထက်ဝက်ခန့် သာ ရောင်းဝယ်တင်ပို့နိုင်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
Background
