စင်ကာပူနဲ့ မလေးရှားကိုပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မေလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း နနွင်းတန်ချိန် ၄၃ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားကို ၁၅ တန်နဲ့ စင်ကာပူကို ၂၈ ဒသမ ၁ တန်ဖြစ်ပါတယ်။ ယခင်သီတင်း ပတ် ၇၂ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၈၂၄ဝဝ ရရှိခဲ့ပါတယ်။ MIRT (DOT)
Background