Main menu

Background

အိန္ဒိယနနွင်းဈေး လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်

Fri, 05/20/2011 - 10:30 -- Anonymous (not verified)

အိန္ဒိယနနွင်းဈေး လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်                     အိန္ဒိယပြည်တွင်းနနွင်းဈေးကွက်များမှာ အဝယ်နည်းတာကြောင့် လက်ရှိဈေး ဝန်းကျင်နဲ့သာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ နနွင်းမှုန့် ဝယ်လိုအား ပါးတာကြောင့် နနွင်းကြိတ်စက် လုပ်ငန်းရှင်တွေမှာ လက်ကျန်များနေပြီး ဈေးကွက် အတွင်း အဝယ်အေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း လက်ထပ်ရာသီမှာ ဝယ်လိုအားတက်လာနိုင်တာကြောင့် ပြည်ပ ဝယ်လက်နဲ့ ကုန်သည်များဟာ လက်ရှိဈေးနဲ့ တဖြည်းဖြည်း စတင်ဝယ်ယူနေပြီလို့ လည်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရောင်းလိုအားများပြီး ဝယ်လိုအား နည်းတာကြောင့် ဈေးကွက်အများစုမှာ ဈေးလျော့ကျခဲ့ပေမဲ့ အခိုျ့ ဈေးကွက်မှာ တော့ ဈေးအကျမှာအဝယ်ရှိခဲ့လို့ ဈေးနှုန်းထပ်မကျဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါ တယ်။                        ကုန်သည်များရဲ့ ပြောကြားချက်အရ အခိုျ့တောင်သူများက ငွေလိုအပ်နေပြီ ဖြစ်လို့ နနွင်းရောင်းချဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ် ပြည်နယ်မှာ နနွင်းဆက်လက်တူးဖော်နေပြီဖြစ်ပေမဲ့ ဝင်ရောက်မှုကတော့ ယခင် ရက်ပိုင်းက အိတ် ၁၂ဝဝဝ ရှိရာမှ အိတ် ၉ဝဝဝ ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ကို ရူပီး ၇၂ဝဝဝ-၉၁၄၉ဝ (ကန်ဒေါ်လာ ၁၆၁၅-၂ဝ၅၂) ရှိပြီး နနွင်းဥဈေးက တစ်တန်ရူပီး ၇၁ဝ၉ဝ-၈၁၈၉ဝ (ကန်ဒေါ်လာ ၁၅၉၄-၁၈၃၆) ဈေးနဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: nnscommodityonline