Main menu

Background

ဈေးကောင်းရတဲ့ ရမည်းသင်းစပျစ်

Fri, 05/20/2011 - 10:40 -- Anonymous (not verified)

ဈေးကောင်းရတဲ့ ရမည်းသင်းစပျစ်                   မန်းသစ်သီးပွဲရုံတွေမှာ သရက်တွေအဝင်များနေသလို မိုးစပျစ်တွေလည်း အဝင်းများနေတယ်လို့ စပျစ်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။ အဝင်များတာ ကတော့ မိုးလာရင်အထားမခံတာကြောင့် အချိန်မီခူးကြရလို့ ဖြစ်ပါတယ်။ တစ်နေ့အဝင် ၄ ပိဿာဝင် စပျစ်ဖာ ၃ဝဝဝ၊ ၄ဝဝဝ ခန့်ရှိပါတယ်။ မနှစ်က ဒီအချိန် စပျစ်ဈေးက ၄ ပိဿာဝင်စပျစ်ညိုဝိုင်းတစ်ဖာ ၁၅ဝဝ ကျပ်၊ ၂ဝဝဝ ကျပ် ခန့်ရှိပါတယ်။ ယခုနှစ်မှာ စပျစ်ညိုဝိုင်းတစ်ဖာ ၄ဝဝဝ ကျပ်၊ ၄၅ဝဝ ကျပ်၊ စပျစ်အချွန်းတစ်ဖာ ၅ဝဝဝ ကျပ် ရှိပြီးရမည်းသင်းစပျစ်များဖြစ်ကြတယ်လို့ သိရပါတယ်။ အေးအေးတင့််