Main menu

Background

ရာသီချိန်သရက်သီးဈေးကွက် ရောင်းအားတက်

Fri, 05/20/2011 - 10:47 -- Anonymous (not verified)

ရာသီချိန်သရက်သီးဈေးကွက် ရောင်းအားတက်                 ယခုအချိန်တွင် မူဆယ် ၁ဝ၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်တွင် အရောင်း အဝယ် အကောင်းဆုံးသီးနံှမှာ သရက်သီးဖြစ်ပါတယ်။ ကျောက်ဆည်၊ အုန်းချော၊ ဟန်မြင့်မိုရ်နှင့် စဉ့်ကိုင်မြို့နယ်များမှ မေ ၆ ရက်မှ ၁၂ ရက်ထိ တင်ပို့လျက်ရှိသော သရက်သီးတန်ချိန် စုစုပေါင်းမှာ ၃၃၆၉ ဒသမ ၅ မက်ထရစ် တန်ဖြစ်ပြီး စိန်တစ်လုံးအိတ်စွပ်သရက်သီးမှာ ၁၁၇၈ မက်ထရစ်တန်၊ ရွှေဟင်္သာသရက်မှာ ၁၃၂၃ ဒသမ ၅ မက်ထရစ်တန်နှင့် အကြမ်းသီးမှာ ၈၆၈ မက်ထရစ်တန် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။                    ဈေးနှုန်းမှာ စိန်တစ်လုံးအိတ်စွပ်သီး တစ်တန်ကို ၇၃၉ ဒေါ်လာ၊ ရွှေဟင်္သာ အိတ်စွပ်သီးမှာ ၆၉၃ ဒေါ်လာနဲ့ အကြမ်းသီးမှာ ၄၃၁ ဒေါ်လာဖြစ်ပြီး တစ်ဖက် နိုင်ငံမှ ဝယ်လိုအားကောင်းနေသည့်အတွက် တစ်ရက်ကို တန်ချိန် ၂၅ဝ မှ ၅ဝဝ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။     ခွန်မင်းသန့်