Main menu

Background

သာယာဝတီငှက်ပျောခိုင်များ ရန်ကုန်ပို့

Fri, 05/20/2011 - 11:17 -- Anonymous (not verified)

သာယာဝတီငှက်ပျောခိုင်များ ရန်ကုန်ပို့                     ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးတဲ့ အစ္စရေးငှက်ပျောမျိုးနဲ့ ဂျပန်ရွှေဝါငှက် ပျောမိုျးများဈေးကွက်သို့ ဝင်ရောက် နေပြီဖြစ်ပါတယ်။ သာယာဝတီမြို့ရဲ့ အရှေ့ဘက်ရှိသီးနံှခြံများမှ ယနေ့ခေတ် စားနေတဲ့ အစ္စရေးငှက်ပျောမျိုးနဲ့ ဂျပန် ရွှေဝါငှက်ပျောမျိုးများကို ရက်ပတ် အလိုက်ခုတ်၍ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်နေပြီ ဖြစ်ပါတယ်။ အစ္စရေးမျိုးမှာတစ်ခိုင်လျှင် ၁ဝ ဖီး၊ ၁၁ ဖီးထွက်ပြီး အနည်းဆုံး ငှက်ပျောတစ် ခိုင်ကို တစ်သောင်းကျပ်ခန့်ရရှိပါတယ်။ ဂျပန်ရွှေဝါမျိုးကတော့ ခုနစ်ဖီး၊ ရှစ်ဖီး ခန့်သာ ထွက်ရှိပေမဲ့လည်း လူကြိုက် များတဲ့အတွက် တစ်ခိုင်လျှင် ကျပ်တစ်သောင်းခန့်ရကြောင်း သိရပါတယ်။ စိုက်ပိုျးသောခြံများမှာ သဘာဝ မြေသြဇာများဖြင့် စိုက်ပျိုးကြခြင်းဖြစ် ကြောင်း သိရပါတယ်။ ငှက်ပျောများ အပြင် ပိန္နဲသီး၊ မာလကာ၊ နာနတ်တို့ ကိုလည်း ရန်ကုန်သစ်သီးဈေးကွက်ကို ရက်အပတ်လိုက် တင်ပို့ရောင်းချနိုင်နေ ပြြီဖစ်ကြောင်း သိရ ပါတယ။် တင်မာဆွေ