Main menu

Background

ကုန်စိမ်းတို့၏ မာယာ

Fri, 05/20/2011 - 11:20 -- Anonymous (not verified)

ကုန်စိမ်းတို့၏ မာယာ                         ကုန်စိမ်းဆိုတာ ကိုင်တွယ်ထိန်းသိမ်းရောင်းဝယ်ရာမှာ အခြားကုန်ပစ္စည်းများထက် ပိုမိုဂရုစိုက်ရပြီး ပိုမိုယုယရတဲ့ပစ္စည်းမျိုး ဖြစ်ပါတယ်။ သူ့မှာ ရေ၊ ရေငွေ့တို့နဲ့ဖွဲ့စည်းထားပြီး လတ်ဆတ်မှု၊ လန်းဆန်းမှုတို့ဟာ သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်။ ကိုင်တွယ်ပုံ ထားသိုပုံတို့မှာလည်း သီးသန့်အထူးနည်းပညာများရှိပါတယ်။ သူတို့ရဲ့သက်တမ်းဟာ လည်းအချိန်နဲ့ပြောင်းပြန်အခိုျးကျတယ်လို့ သင်္ချာသဘောအရ ပြောနိုင်ပါတယ်။                        မူလအပင်မှ ခူးဆွတ်နုတ်သိမ်းပြီးတဲ့ ရိတ်သိမ်းချိန်လွန် ကာလစလိုက်တာနဲ့ ကုန်စိမ်းတို့ရဲ့သဘောက အနုတ် လက္ခဏာ စပြတော့တာပါပဲ။ ဒါကိုအမြန်ဆုံးထွက်အောင် ရောင်းနိုင်ရင် ဈေးကောင်းရပြီ။ ကြာလေလေ ရေငွေ့ဆုံးရှုံးလေ အရည်အသွေး ကျလေ အလေးချိန်တွေပါကျပြီး အရေအတွက်တွေလျော့နည်းသွားတတ်ပါတယ်။ ဒါ့ကြောင့် သူတို့မှာ ပါဝင်ဖွဲ့စည်းထားတဲ့ ရေဟာတန်ဘိုးရှိတဲ့ရေများဖြစ်ကြပါတယ်။ ဥပမာ ကြက်သွန်နီကို ယခုလိုထွက်ပေါ်စအချိန်မှာ ရောင်းချခြင်းဟာပါဝင်တဲ့ရေကို ပါ ရောင်းချခြင်းနဲ့တူပါတယ်။ ရေနဲ့ဖွဲ့စည်းထားတဲ့သီးနံှဆိုတော့ ၆ လ၊ ၇ လခန့် သိုလှောင်ရင်ရေငွေ့ဆုံးရှုံးသွားပြီး ထက်ဝက်နီးပါး အလေးချိန် လျော့နည်းသွားတတ်ပါတယ်။ အဲဒီအချိန်မှာ မူလဈေးထက် အခိုျးကျဈေးတက်ရမယ်ဆိုပေမဲ့ ဈေးကွက်ဈေးနှုန်းက ပြောလို့မရပါဘူး။ အဲဒီကာလရဲ့ ဝယ်လိုအား ရောင်းလိုအားက ရှိပါသေးတယ်။ ဒါကြောင့် ကုန်စိမ်းကို အမှန်စိုက်ပျိုးထွက်ရှိမှုအပေါ် ပြည်တွင်းဖူလုံမှုအတွက် စိတ်ချရပါကပြည်တွင်းဖြစ်စေ၊ ပြည်ပ ဖြစ်စေ ထုတ်ရောင်းမယ်ဆိုရင် ရိတ်သိမ်းပြီးရေငွေ့မရှုံးခင် ရေဓာတ်မဆုံးခင် နှစ်လ သုံးလအတွင်း အများဆုံး လျာထား တင်ပို့ရောင်းချပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းဆင်ခြေလျောဆင်းသလို ခပ်ဆဆနဲ့ရောင်းသွားရင် ကုန်စိမ်းမှာ ပါဝင်ဖွဲ့စည်း ထားတဲ့ရေမှ ဒေါ်လာအဖြစ် ပြောင်းလဲမြင်တွေ့ရနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မောင်အေး