Main menu

Background

ဝတ်ဆင်သူတိုင်း နှစ်သက်တဲ့ ဝမ်းတွင်းချည်ချောလုံချည်

Fri, 05/20/2011 - 11:28 -- Anonymous (not verified)

ဝတ်ဆင်သူတိုင်း နှစ်သက်တဲ့ ဝမ်းတွင်းချည်ချောလုံချည်                    ချည်ထည်ယက်လုပ်ခြင်းလုပ်ငန်းမှာ ဝမ်းတွင်းမြို့ရဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ယက်လုပ်တဲ့ အထည်များမှာ အမျိုးသား၊ အမျိုးသမီးဝတ် ချည်ချောလုံချည်များဖြစ်ပါတယ်။ (၁/၄ဝ) ဝါဂွမ်းချည်စစ်စစ်ကို အရောင်း အသွေး၊ အဆင်ဒီဇိုင်းစုံလင်စွာရက်လုပ်ပြီး ရန်ကုန်၊ မန္တလေးဈေးကွက်များမှတစ်ဆင့် မြန်မာပြည်အနံှ့အပြားသို့ ၇ ရက်တစ်ပတ်ကို အထည်ကွင်းပေါင်း နှစ်သိန်းကျော် ထုတ်လုပ်တင်ပို့ကြောင်း သိရပါတယ်။ ထုတ်လုပ်သောအထည်များမှာ ပေါ့ပါးခြင်း၊ ရာသီဥတုနဲ့ ကိုက်ညီခြင်း၊ အဆင်ဒီဇိုင်းလှပခြင်းတို့ကြောင့် ဝတ်ဆင်သူ များ အထူးနှစ်သက်ပြီး ဝယ်ယူသုံးစွဲကြကြောင်း သိရပါတယ်။ ဒေသအတွင်းမှာတော့ ကိန္နရီတံဆိပ်၊ မြသဇင်တံဆိပ်၊ကိုးသုံးလုံးတံဆိပ်၊ သိန်းတံဆိပ်၊ စိန်သရဖူတံဆိပ်များမှာ ဝယ်လိုသူများတာကြောင့် ရောင်းအားမြင့်တက်နေတယ်လို့ ဈေးကွက်အတွင်းမှ ကြားသိရပါတယ်။ ဒီတစ်ပတ်ဒေသတွင်း လက်လီရောင်းချနေသော ဈေးနှုန်းများမှာ အမိုျးသားဝတ် ၁/၄ဝ ချည်ပလေကပ် ၂၃ဝဝ ကျပ်-၂၆ဝဝ ကျပ်၊ ဂန့်ဂေါ ၂၃ဝဝ ကျပ်၊ နဒီ ၂၃၅ဝ ကျပ်-၂၆ဝဝ ကျပ်၊ မြပွင့်တူ (ပုလဲ) ၂ဝဝဝ ကျပ်ဖြစ်ပြီး၊ အမျိုးသမီးဝတ် ၁/၄ဝ ချည် ပွင့်ထိုးလုံးချည် ၂၅ဝဝ ကျပ်၊ ရှမ်းမတန်းလုံချည် ၂၃ဝဝ ကျပ်ဖြစ်ကြောင်း၁/၄ဝ ချည်ချောလုံချည်နှစ်သက်သူများအတွက် သတင်းပေးလိုက်ပါတယ်။ ခင်စ်စန်းးမြင့့််