ဂျပန်နိုင်ငံမှ ဂါနာကို စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှု တိုးမြင့်မယ်

ဂျပန်နိုင်ငံမှ ဂါနာကို စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှု တိုးမြင့်မယ်                 စားနပ်ရိက္ခာ ထုတ်လုပ်မှု တိုးမြှင့်ဖို့ အထူးအခွင့်အရေးအရ ဂါနာလယ်သမားများကို စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှု တိုးခဲျ့ဖို့နဲ့ အစိုးရခွင့်ပြုထားတဲ့ စက်ပစ္စည်းကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဖိုးကို အာဖရိကနိုင်ငံကို လွဲှပြောင်းပေးဖို့ ဆုံးဖြတ်ထားကြောင်း ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။ သစ်တောရေးရာနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန (MOFA)မှ လယ်သမား တွေအတွက် စက်ပစ္စည်းများကို လျှော့ဈေးနဲ့ ရောင်းချပေးမယ်လို့ မေလ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။                 စက်ပစ္စည်းတွေထဲမှာ ထရက်တာ ၁၂၅ စီး၊ ဆန်စက် ၁ဝ စက်၊ စပါးေြွခစက် ၃၅ လုံး၊ စပါးရိတ်စက် ၃၅ လုံး၊ ရိတ်သိမ်းေြွခလှေ့စက် (Combine harvesters ) ၂ စက်နဲ့ ရေစုပ်စက် ၄ဝ လုံးတို့ဖြစ်ကြောင်း သိရပါတယ်။ လမင်း Source: oryza.com