ပဲစင်းငုံနီဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ        ယခင်        ယခု           ပြောင်းလဲမှု၁ ဘုရင့်နောင်               ၁ တန်       ၅၂၅ဝဝဝ    ၅၃၅ဝဝဝ၂ မန္တလေး                   ၁ ပိဿာ       ၇၈၃         ၇၈၃၃ မုံရွာ                       ၁ ပိဿာ        ၇၉ဝ         ၈၁၅၄ ပြည်                      ၁ ပိဿာ         ၈၂၅         ၇၉ဝ၅ ပခုက္ကူ                    ၁ ပိဿာ         ၇၉၅          ၈၁ဝ၆ မြင်းခြံ                    ၁ ပိဿာ          ၇၈ဝ         ၇၇ဝ၇ အောင်လံ                ၁ ပိဿာ          ၈ဝဝ         ၈၁၅၈ မကွေး                   ၁ ပိဿာ           ၈ဝ၅        ၇၈ဝပဲစင်းငုံနီဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်            ဘုရင့်နောင်ဈေးကွက်တွင် ဈေးကွက်စဖွင့်တဲ့ရက်မှာ ပဲစင်းငုံနီ ကို အိတ်စပို့ဝယ်လက်အဝယ်အေးနေပြီး ၁၂-၅-၂ဝ၁၁ နေ့မှာ တစ်တန်ကို ၅၁၂ဝဝဝ ကျပ်နဲ့ စတင်အဝယ်ရှိလာကာ နောက်ပိုင်းမှာ အိန္ဒိယဈေးကွက်မှာ ပဲစင်းငုံဈေးမြင့်လာတဲ့အပေါ် အိတ်စပို့ဝယ်လက်တွေက ဈေးပေးအဝယ်ရှိတာကြောင့် ၁၃-၅-၂ဝ၁၁ နေ့မှာတော့ တစ်တန်ကို ၅၃၅ဝဝဝ ကျပ်အထိဈေးမြင့်ခဲ့ပြီး တန် ၂၃ဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ က အစောပိုင်းရက်တွေမှာ အရောင်းအဝယ် ခပ်ပါးပါးသာရှိခဲ့ပြီး နောက်ပိုင်းရက်တွေမှာ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံဈေးမြင့်လာတဲ့ အပေါ် ဝယ်အားများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၃ ကျပ်(တစ်တန်ကို ၄၇၉၅ဝ၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။မုံရွာဈေးကွက်မှာ တော့ ရန်ကုန်ဝယ်လက်က အဆွဲပုံမှန်ရှိလာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၈၁၅ ကျပ်(တစ်တန်ကို ၄၉၉ဝ၉၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများလာတယ်လို့ မြို့ခံကုန် သည်တစ်ဦးကဆိုပါတယ်။ ပခုက္ကူ္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က ယခင်အပတ်နဲ့စာရင် ဈေးပေးအဝယ်ရှိလာသလို ဝယ်အားပါများလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁ဝ ကျပ်(တစ်တန်ကို ၄၉၆ဝ၃၅ ကျပ်) နဲ့ နေ့စဉ်အိတ် ၂ဝဝ မ ှ ၃ဝဝ ကြားရှိခဲ့တယ်လို့သိရပါတယ်။အောင်လံဈေးကွက်မှာ လှောင်လက်တွေက လက်ရှိပေါက်ဈေးနဲ့ ထုတ်ရောင်းမှုတွေရှိလာသ လို ရန်ကုန်ဝယ်လက်ကလည်း တစ်ပိဿာကို ၈၁၅ ကျပ်(တစ်တန်ကို ၄၉၉ဝ၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။မကွေးမှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးချအဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈ဝ ကျပ် (တစ်တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြားသာ ခပ်ပါးပါးပဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။