ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်အဝယ်အေးလို့ ဈေးကျ
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၁၄၅ဝ ၁၂၃၇ ၂ မန္တလေး ၁ ပိဿာ ၁၂၄၄ ၁ဝ၃၁ ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်အဝယ်အေးလို့ ဈေးကျ ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း)က ဈေးကွက်သို့ ဝင်ရောက်မှုနည်းလာသလို အိတ်စပို့ဝယ်လက်တွေကလည်း ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး အရောင်း အဝယ်ဖြစ်မှုလည်း နည်းခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၂၅ဝ ကျပ်မှ ၁၃ဝဝ ကျပ်အတွင်း တန် ၉ဝ ခန့် သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ) ကို တရုတ်အဝယ်အေးလို့ ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ပဲတီစိမ်း(ခရမ်း)တစ်ပိဿာ ၁၃၃၃ ကျပ်(တစ်တန်ကို ၈၁၆၃၁၅ ကျပ်)၊ ပဲတီစိမ်း(အညာ)တစ်ပိဿာ ၁ဝ၃၁ ကျပ် (တစ်တန်ကို ၆၃၁၃၇၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်း(အညာ)က ဈေး ကွက်သို့အဝင်ပုံမှန် ရှိပေမယ့် မန္တလေးဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၃၇ ကျပ်(တစ်တန်ကို ၇၅၇၅၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
