Main menu

Background

ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ

Sun, 05/22/2011 - 05:36 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်     ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ ပိဿာ     ၁ဝ၅ဝ    ၁ဝ၅ဝ၂ မန္တလေး             ၁ ပိဿာ     ၉၉၆       ၉၇၈၃ မုံရွာ                 ၁ ပိဿာ      ၉၇၉      ၉၇၄၄ ပခုက္ကူ               ၁ ပိဿာ      ၉၈၉      ၉၈၄၅ မြင်းခြံ               ၁ ပိဿာ     ၉၆၅       ၉၆ဝကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ                     မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်သမားများက တစ်ပိဿာကို ၉၇ဝ ကျပ် (တစ်တန်ကို ၅၉၄ဝ၁၈ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာတယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာတော့ ရန်ကုန်နဲ့ ခွဲစက်သမားများက အဆွဲပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၄ ကျပ် (တစ်တန်ကို ၅၉၆၄၆၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပြည်ပဝယ်လက်၊ ပြည်တွင်း လှောင်လက်နဲ့ ပဲ ခွဲစက်ဝယ်လက်များ အဆွဲများတာကြောင့် နယ်တွေမှာ ပစ္စည်းသိပ် မကျန်တော့ဘူးလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၈၄ ကျပ်(တစ်တန်ကို ၆ဝ၂၅၉၁ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်မှုများခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။