အိန္ဒိယပဲစင်းငုံဈေးနှုန်း ယခုတစ်ပတ်ဆက်လက်ခိုင်မာ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲစင်းငုံဈေးနှုန်းက ယခုတစ်ပတ်မှာ ဆက်လက်ခိုင်မာနေပါတယ်။ ယခုလအတွင်း လက်ထပ်ပွဲများအတွက် ဝယ်လိုအားတွေ ရှိနေတာကြောင့် ဈေးမာနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေမှာ အလုံအလောက်ရှိနေခြင်းက ကာလလတ်အတွင်းဈေးနှုန်းကို ကျဆင်းစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်မှု ပိုမိုခြင်းနဲ့ သိုလှောင်မှု အလုံအလောက်ရှိနေတဲ့အပြင် မုတ်သုံမိုး ပုံမှန် ရွာသွန်းဖွယ်ရှိခြင်းကလည်း ဈေးနှုန်းမြင့် တက်မှုကို ထိန်းခုျပ်နိုင်မယ်လို့ သုံးသပ်ကြပါတယ်။ ဒါ့အပြင် လှောင်လက် များ လက်ကျန်ရှင်းထုတ်ခြင်းက ဈေးနှုန်းကို ပိုမိုဖိအားဖြစ်စေနိုင်ပါတယ်။ လတ်တလော မှာတော့ လက်ရှိဈေးဝန်းကျင်မှာအတက်အဆင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဖေါ်ပြ လိုက်ပါတယ်- ဒေါ်လာ/တန် ၁၉-၅-၁၁ ၁၈-၅-၁၁ ၁၆-၅-၁၁ ၁၄-၅-၁၁မွန်ဘိုင်း ၇၁၁-၇၃၄ ၇၁ဝ-၇၃၂ ၇၁ဝ-၇၃၃ ၇၂၄-၇၄ဝဒေလီ ၇၅၆-၇၅၈ ၇၆ဝ-၇၆၃ ၇၆၆-၇၆၈ ၇၉ဝ-၇၉၃ချန်နိုင်း ၇ဝဝ-၇၁၁ ၇၁ဝ ၇၂၁ ၇၃၅MIRT(MAPT)
Background