Main menu

Background

ပဲလွန်းဖြူ၊ နီ တန်ချိန် ၁ဝဝဝ အထက် တင်ပို့မှု ရှိနေ

Sun, 05/22/2011 - 07:19 -- Anonymous (not verified)

ပဲလွန်းဖြူ၊ နီ တန်ချိန် ၁ဝဝဝ အထက် တင်ပို့မှု ရှိနေ                  ပဲလွန်းဖြူ၊ နီ သင်္ဘောတင်ပို့မှု ကတော့ အပတ်စဉ် တန် ၁ဝဝဝ အထက်မှာ ရှိနေသလို ယခုသီတင်း ပတ်(မေလ ၁၁ရက်မှ ၁၇ ရက်)အတွင်း မှာလည်း တန်ချိန် ၁၃ဝဝ ကျော် တင်ပို့ နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံ တွေကတော့ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မေလ ၁၃ ရက် နေ့ထိ ပဲလွန်းဖြူတင်ပို့မှုကို လေ့လာရာ မှာ တန်ချိန် ၆ဝဝဝ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅ဝဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ အဝယ်ပုံမှန်ရှိနေတဲ့ ပဲဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာ လည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြ ပါတယ်။ MIRT- MAPT